27 C
Yangon

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် လူပုဂ္ဂိုလ် ၆ ဦးကို ဖမ်း၀ရမ်းထုတ်ရန် အာဂျင်တီးနားအစိုးရရှေ့နေများက တရားရုံးသို့ တင်ပြတောင်းခံ

Must read

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် လူပုဂ္ဂိုလ် ၆ ဦးကို ဖမ်း၀ရမ်းထုတ်ရန် အာဂျင်တီးနားအစိုးရရှေ့နေများက တရားရုံးသို့ တင်ပြတောင်းခံ

ရန်ကုန်၊ ဇွန် ၂၉

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် လူပုဂ္ဂိုလ် ၆ ဦးကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်ရန် အာဂျင်တီးနားအစိုးရရှေ့နေများက အာဂျင်တီးနားတရားရုံးသို့ တင်ပြထားကြောင်း သိရှိရသည်။

အာဂျင်တီးနားတွင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်မူဖြင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးနေသည့် အာဂျင်တီးနားအစိုးရ ရှေ့နေများက မြန်မာစစ်ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ရန် အာဂျင်တီးနားတရားရုံးသို့ တင်ပြလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အာဂျင်တီးနားအစိုးရရှေ့နေများက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ ရဲအရာရှိ ကျော်ရှည် နှင့် ကျေးရွာ ဥက္ကဋ္ဌ အောင်ဆန်းမြတို့ကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ဖမ်း၀ရမ်းထုတ်ရန် တရားရုံးသို့ တင်ပြ ခြင်းဖြစ်သည်။

အာဂျင်တီးနား တရားရုံးက ဖမ်း၀ရမ်းထုတ်၊ မထုတ် ဆုံးဖြတ်မည်ဖြစ်ပြီး ၀ရမ်းထုတ်ရန်လည်း သီတင်းပတ်များစွာကြာမြင့်နိုင်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင် အပါအဝင် ဖမ်းဝရမ်း၀ရမ်းထုတ်ရန် တင်ပြခံရသည့် သူများသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွင် တာဝန်ရှိရုံသာမကဘဲ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ စစ်အာဏာသိမ်းပြီးနောက် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အပါအဝင် မြန်မာပြည်သူများကို ရက်စက်စွာ သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်လျက်ရှိကြောင်း သိရှိသည်။

“ ဒီနေ့မှာတော့ မင်းအောင်လှိုင်နဲ့ စစ်တပ်က အကြီးတန်းအဖွဲ့ဝင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ နောက်ထပ်တဆင့် နီးကပ်လာပါပြီ။ ဖမ်းဝရမ်းထုတ်နိုင်ဖို့ တင်ပြရေး ဆုံးဖြတ်ချက်က သူတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့ မြန်မာစစ်တပ်ကို ရှင်းရှင်းလင်းလင်း သတင်းစကား ပေးပို့တာလည်းဖြစ်ပါတယ်။” ဟု မြန်မာရိုဟင်ဂျာအဖွဲ့ UK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောသည်။

Burmese Rohingya Organization UK က ၂၀၁၉ ခုနှစ်တွင် အာဂျင်တီးနား တရားစီရင်ရေးဌာနသို့ ရိုဟင်ဂျာများ လူမျိုးတုန်းသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ပထမဆုံး တိုင်ကြားခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် ပထမဆုံးသော တရားစီရင်ရေးဆိုင်ရာ အမှုဖြစ်ကြောင်း သိရှိရသည်။

“လွတ်လပ်တဲ့ အစိုးရရှေ့နေက မြန်မာစစ်တပ်က ဆယ်စုနှစ်နဲ့ချီ ကျူးလွန်ခဲ့တဲ့ ကျယ်ပြန့်ပြီး ကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆို တင်ပြတာက ဒါပထမဆုံးအကြိမ်ပါ။ ဒါဟာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်ခံရမှုအတွက် သမိုင်းဝင် သိသာထင်ရှားတဲ့ အသိအမှတ်ပြုမှုတစ်ခုပါ။ မင်းအောင်လှိုင်က ရာဇဝတ်ကောင်ဖြစ်လို့ ထောင်ထဲမှာပဲ သူ့ဘ၀အဆုံး သတ်ရမှာ ဖြစ်ပါတယ် ” ဟု ဦးထွန်းခင်က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article