26 C
Yangon

ပုသိမ်-မုံရွာ လမ်းပိုင်းတွင် စစ်ကြောင်းထိုး လာသော စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

Must read

ပုသိမ်-မုံရွာ လမ်းပိုင်းတွင် စစ်ကြောင်းထိုး လာသော စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၉

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းတွင် စစ်ကြောင်းထိုး လာသော စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်း က ရန်ကုန် ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ တွင် ပုသိမ်-မုံရွာ လမ်းမကြီးဘေး ရှမ်းတပ်တိုက်နယ်ရှိ ဘန့်ပြင်ကျေးရွာအနီး စစ်ကြောင်း ထိုးလာသော အင်အား ၇၀ ၀န်းကျင်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့၀င် ၄ ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း တပ်တွင်း သတင်းများအရ သိရကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ မဟာမိတ် တော်လှန်ရေး အင်အားစုများ ယခုထက်ပိုပြီး စစ်ရေး လှုပ်ရှားမှုများ‌ လုပ်ဆောင်နိုင်ဖို့ လက်နက် ခဲယ‌မ်း လိုအပ်ချက်တွေကို ပြည်သူလူထုက ဝိုင်း၀န်း ပံ့ပိုးပေးပါရန် ရိုသေလေးစာစွာဖြင့် အကူညီဝောာင်းခံအပ်ပါတယ်” ဟု မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်း က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို United States Of Burma Army – USBA ၊ West River Army – WRA ၊ Key Of Revolution Guerrillla Force – KRGF ၊ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၊ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၊ မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် Mindon Township People Defense Organization (မင်းတုန်းမြိုနယ်ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article