26 C
Yangon

မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၆ ပေခွဲ ကျော်အထိ ယခု ရောက်ရှိနေပြီး မြစ်ရေမှာ ၈ ပေကျော်အထိ စံချိန်တင်ရေကြီးနိုင်ဟု သတိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၆ ပေခွဲ ကျော်အထိ ရောက်ရှိနေပြီး မြစ်ရေမှာ ၈ ပေကျော်အထိ စံချိန်တင်ရေကြီးနိုင်ကြောင်း ကချင်ပြည်နယ်၊ မိုးလေဝသနှင့်ဇလဗေဒဦးစီး ဌာနမှ အရာရှိ ဦးနိုင်လင်းထွေးက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန် သတိပေးသည်။

ဇူလိုင်လ ၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ဧရာ၀တီမြစ်ရေ တိုင်းထွာချက်များအရ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအထက် ၁၄၀၄ စင်တီမီတာ သို့ ရောက်ရှိနေကြောင်း၊ ပေအားဖြင့် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အထက် ၂၀၄ စင်တီမီတာ ၆ ပေခွဲခန့်ကျော်လွန်ရောက်ရှိနေကြောင်း၊ မြစ်ရေတက်နှုန်းသည် ၁ နာရီလျှင် ၂ စင်တီမီတာ (သို့မဟုတ်) ၁ လက်မ ရေတက်နေကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့တွင် ၂၀၀၄ ခုနှစ်တွင် ဧရာ၀တီမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်၍ ၁၄၀၈ စင်မီတာ အထိ မြစ်ရေ မြင့်တက်ခဲ့ကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင် အဆိုပါ စံချိန်ကို ထပ်မံချိုး၍ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားတွင် စိုးရိမ်ရေအမှတ် အထက် ၁၄၅၀ စင်တီမီတာအထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ အဆိုပါ ခန့်မှန်းမှုအရ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေအမှတ် အထက် ၂၅၀ စင်တီမီတာ (သို့မဟုတ်) ၈ ဒသမ ၂၀၂၁ ပေအထိ မြင့်တက်နိုင်ကြောင်း သတိပေး ခန့်မှန်းထားသည်။

ဓာတ်ပုံ – မြစ်ကြီးနားမြို့ရှိ ဇေယျာမင်း စက်သုံးဆီဆိုင် ရေကြီး နစ်မြုပ်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မြစ်ကြီးနားမြို့ရှိ ဇေယျာမင်း စက်သုံးဆီဆိုင် ရေကြီး နစ်မြုပ်နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article