27 C
Yangon

မြောက်ဦးတိုက်ပွဲတွင် သေဆုံးခဲ့သည်ဟု သတင်းထွက်ခဲ့သည့် တပ်မ ၁၁ တပ်မ မှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း သေဆုံးခြင်းမရှိဘဲ တရုတ်-မြန်မာ နယ်စပ်တွင် ထွက်ပြေးနိုင်ခဲ့၊ တပ်ကိုလည်းမပြန်ဘဲ တိမ်းရှောင်

Must read

ရန်ကုန်၊ ဇူလိုင် ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးတိုက်ပွဲတွင် သေဆုံးခဲ့သည်ဟု သတင်းထွက်ခဲ့သည့် တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်းမှာ သေဆုံးခြင်းမရှိဘဲ တရုတ်-မြန်မာ နယ်စပ်တွင် ထွက်ပြေးနိုင်ခဲ့ပြီး တပ်ကိုလည်းပြန်လည် သတင်းမပိုဘဲ တိမ်းရှောင်လျက်ရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မြောက်ဦး ခမရ ၃၇၇ ကို AA က တိုက်ခိုက်သိမ်းပိုက်စဉ် တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းကို အသေဖမ်းဆီးနိုင်ခဲ့သည်ဟု AA က သတင်းထုတ်ပြန်ခဲ့ကြောင်း၊ သိုရာတွင် ယခု ၅ လကျော်ကြာ အချိန်တွင် တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းသည် သေဆုံးခြင်းမရှိဘဲ ထွက်ပြေး တိမ်းရှောင်ခဲ့ရာမှ နောက်ဆုံးတွင် တရုတ်- မြန်မာနယ်စပ်တွင် ရောက်ရှိနေကြောင်း၊ တပ်သိုလည်း ပြန်လည် သတင်း မပိုတော့ဘဲ ဆက်လက် တိမ်းရှောင်နေသည်ကို စစ်ကောင်စီက ပြန်လည် သတင်းရရှိထားကြောင်း သိရှိရသည်။

“တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း ရခိုင်စစ်ဆင်​ရေးမှာ ​ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်း ထွက်ခဲ့တယ်။ တကယ်က မ​သေပါဘူး။ အဲဒါကို နစကဘက်ကလည်း ပြန်ပြီး သတင်းရတယ်။ သေတယ်ဆိုတဲ့ သတင်းကို ဘာမှ မရှင်းတော့ဘဲ သူကိုယ်တိုင်လည်း တပ်ကို မပြန်တော့ဘူး။ တာချီလိတ်ဗျူဟာမှူးဘဝမှာ အရမ်းချမ်းသာပြီး စစ်ဆင်​ရေး အခြေအနေ မကောင်းတော့ ရအောင် ဂွင်ဆင်ပြီး ထွက်ပြေးတာပါ ” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

တပ်မ ၁၁ တပ်မမှူး မဖြစ်ခင် တာချီလိတ် ဗျူဟာမှူး ဘ၀တွင် ဗိုလ်မှူးကြီး မင်းမင်းထွန်းသည် တရားမဝင် လုပ်ငန်းများစွာတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း၊ ထိုသို ပတ်သက်မှုကြောင့် အလွန်ချမ်းသာခဲ့ပြီး တာချီလိတ်တွင် ထိုင်းဘတ်ငွေ သန်းချီတန်သောအိမ်ရာများစွာ ပိုင်ဆိုင်ခဲ့ကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီး မင်းမင်းထွန်းသည် ၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဧပြီလအထိ တာချီလိတ် စစ်ဗျူဟာအဖွဲ အခြေချ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article