28 C
Yangon

ဩစေတြးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် NUG နိုင်ငံခြားရေးဝန်ကြီးနှင့် တိုင်းရင်း သားအဖွဲ့တချို့၏ ခေါင်းဆောင်များ တွေ့ဆုံ

Must read

ရန်ကုန်၊ ဇူလိုင် ၂

ဩစေတြးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့သို့ ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ- NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် တိုင်းရင်းသားအဖွဲ့တချို့၏ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၉ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် မဲလ်ဘုန်းမြို့၌ လီဆူ၊ ရ၀မ်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ဇိုမီး၊ မွန်၊ ရခိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ခေါင်းဆောင်များနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့ကြောင်း ၊ အဆိုပါ အစည်းအဝေးတွင် ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နွေဦးတော်လှန်ရေးနှင့် မျက်မှောက်ရေးရာများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း တက်ရောက် လာသည့် အဖွဲ့အစည်းများ ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များက မေးမြန်း ခဲ့ကြပြီး ၀န်ကြီးက မေးမြန်းချက်များကို ဖြေကြားပေးကာ တော် လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်ရန်လိုအပ်ကြောင်း၊ စုပေါင်းအင် အားက အောင်မြင်မှုအတွက်အရေးကြီးကြောင်း ပြောဆိုကြောင်း၊ ခေါင်း ဆောင်များသည် ၎င်းတို့၏မျိုးနွယ်စုများ၊ ‌ဒေသများအတွင်း ရင်ဆိုင်နေကြရသည့် အခက်အခဲများ၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article