31 C
Yangon

မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေ တအိအိ ပြန်လည် ကျဆင်းလာ

Must read

ရန်ကုန်၊ ဇူလိုင် ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေသည် တအိအိ ပြန်လည် ကျဆင်းလာကြောင်း ဒေသပြည်သူများနှင့် ကယ်ဆယ်ရေး သမားများထံမှ သိရှိရသည်။

ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်မှစတင်ပြီး ဧရာ၀တီမြစ်ရေ တအိအိ ပြန်လည်ကျဆင်းလာရာ ယခုအခါ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် ၁၄၀၀ စင်တီမီတာအောက်သို့ ကျဆင်းသွားကြောင်း သိရှိရသည်။

“မြစ်ကြီးနားမြို့ မှာ အခု ရေက ပြန်ကျနေပြီ။ မြစ်ရေက ၈ လက်မကျော်လောက်တော့ ကျသွားတယ်။ ပိတ်မိနေတဲ့သူတွေလည်း ကယ်ဆယ်ရေးတွေတော့ ညလုံးပေါက် လုပ်နေတာရှိတယ်” ဟု ကူညီကယ်ဆယ်ရေးပရဟိတ သမားတစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ဧရာ၀တီမြစ်ရေ တိုင်းထွာချက်များအရ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအထက် ၁၄၀၄ စင်တီမီတာ သို့ ရောက်ရှိနေကြောင်း၊ ပေအားဖြင့် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အထက် ၂၀၄ စင်တီမီတာ ၆ ပေခွဲခန့်ကျော်လွန်ရောက်ရှိနေကြောင်း၊ မြစ်ရေတက်နှုန်းသည် ၁ နာရီလျှင် ၂ စင်တီမီတာ (သို့မဟုတ်) ၁ လက်မ ရေတက်နေကြောင်း၊ မြစ်ကြီးနားမြို့တွင် ၂၀၀၄ ခုနှစ်တွင် ဧရာ၀တီမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်၍ ၁၄၀၈ စင်မီတာ အထိ မြစ်ရေ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article