28 C
Yangon

ရန်ကုန်တိုင်းစစ်ဌာန၏ တပ်ရင်း ၅၁၀၂ ကို ထပ်မံဖွဲ့စည်းလိုက်ပြီး စစ်ကောင်စီကို အမြစ်ဖြတ် တိုက်ခိုက်မည်ဟု ကြေညာ

Must read

ရန်ကုန်၊ ဇူလိုင် ၂

ရန်ကုန်တိုင်းစစ်ဌာန၏ တပ်ရင်း ၅၁၀၂ ကိုထပ်မံဖွဲ့စည်းလိုက်ပြီး အကြမ်းဖက် စစ်ကောင်စီကို အမြစ်ဖြတ် တိုက်ခိုက်မည်ဟု ရန်ကုန်တိုင်းစစ်ဌာနက ကြေညာလိုက်သည်။

ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကုန်တိုင်း စစ်ဌာနအနေဖြင့် တပ်ရင်း ၅၁၀၂ ကို ထပ်မံဖွဲ့စည်းလိုက်ပြီး အကြမ်းဖက် စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်း စစ်ဌာနသည် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့ကလည်း တပ်ရင်း ၅၁၀၁ ကိုဖွဲ့စည်းထားပြီး NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီလုပ်ဆောင်နေကြောင်း၊ ထို့ပြင် မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့များနှင့် စစ်ဆင်ရေးနယ်မြေအသီးသီးတွင် ပူပေါင်းတိုက်ပွဲဝင်နေကြောင်း သိရသည်။

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်၊မေလ ၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကိုစတင်ဖွဲ့စည်း၍ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတစ်ဝန်းရှိ စစ်ဒေသခွဲနယ်မြေ အသီးသီးတွင် တပ်ရင်း/ တပ်ဖွဲ့များ ဖွဲ့စည်းကာ စစ်ရေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နိုင်ရန် လမ်းညွှန်ခဲ့ပြီး နိုင်ငံအနှံ့အပြားတွင် တပ်ရင်း ပေါင်းများစွာ ဖွဲ့စည်းကာလုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article