30 C
Yangon

တောင်ငူမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ၆ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်သားအဖြစ် စုဆောင်းမည့် လူငယ်များစာရင်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၃

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ၆ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကာ ၎င်းတို့ထံမှ စစ်သားအဖြစ် စုဆောင်းမည့် လူငယ်များစာရင်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိကြောင်း ငါးပြေမပြောက်ကြားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပျူစောထီး တပ်ဖွဲ့ဝင်များကို ရှင်းလင်းမှုသည် ငါးပြေမပြောက်ကြားတပ်ဖွဲ့၊မကွေးတိုင်းပြည်သူကာကွယ်ရေးတပ်-အောင်လံ၊သာယာဝတီခရိုင်-၃၈၀၁တပ်ရင်း၊တပ်ခွဲ ၁ -YOMA GBK PDF တို့မှ Operation Shadow -အရိပ်စစ်ဆင်ရေး အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် တောင်ငူမြို့နယ်၊ကွမ်းပင်အုပ်စု၊ကျောက်လုံးကြီးကျေးရွာနေ ပျူစောထီးခေါင်းဆောင် အေးကိုကို Shadow 1က ရှင်းလင်းခဲ့ပြီး၊ ကွမ်းပင်အုပ်စု၊ကွမ်းပင်ကျေးရွာနေ ပျူအဖွဲ့ဝင်ကျော်စိုးနိုင်ကို Shadow 2 က ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် အထက်ပါကွမ်းပင်ကျေးရွာနေ စစ်ကောင်စီ သတင်းပေးပျူစောထီးအဖွဲ့ဝင်များဖြစ်ကြသော ငငြိမ်း၊ မောင်ဌေးနှင့် မိုးမိုး တို့ကို Shado 1 ၊ 2 ၊ 3 တို့က တစ်ပြိုင်နက်ရှင်းလင်းခဲ့ကြောင်း၊ ပျူစောထီးအဖွဲ့ဝင်များဖြစ်သော ငငြိမ်းနှင့်မောင်ဌေးတို့သည်တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပတ်သတ်သည့်သတင်းအချက်အလက်များရယူ၍ မိုးမိုးထံပေးပို့ပြီး မိုးမိုးမှတစ်ဆင့် ပျူစောထီးခေါင်းဆောင် လောရှည်ထံသို့လည်းကောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့ကြောင်း ၊ ပျူစောထီးအဖွဲ့ဝင် ငငြိမ်း၊မောင်ဌေး၊မိုးမိုး၊လောရှည်တို့ကြောင့် တော်လှန်ရေးအဖွဲ့အစည်းများ ထိခိုက်ဆုံရှုံးမှုများလည်းရှိခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁ ရက်နေ့ နံနက် ၈ နာရီအချိန် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ကွမ်းပင်အုပ်စု၊ကွမ်းပင်ကျေးရွာပျူစောထီး ခေါင်းဆောင်လည်းဖြစ်၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူလည်းဖြစ်သူ လောရှည်ကို တောင်ငူ-လိပ်သို လမ်းပိုင်းတစ်နေရာတွင် ကြိုတင်သတင်းရ၍‌ စောင့်ဆိုင်းကာ Shadow Team က ရှင်းလင်းခဲ့​ကြောင်း၊ ပျူစောထီးခေါင်းဆောင်လောရှည်ထံမှ စစ်မှုထမ်းရမည့်လူစာရင်း၊ WYစာတန်းပါစိတ်ကြွရူးသွပ်ဆေးပြားအရေ အတွက် ၆၀၀၀ပြား တန်ဖိုးအားဖြင့် ငွေကျပ် သိန်း ၁၂၀ ခန့် ၊SONYကင်မရာ ၁ လုံး၊ မိုဘိုင်းလ်ဖုန်း ၄ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ မှတ်ပုံတင် ၁ ခု၊ လိုင်စင်ဓာတ်ပုံ ၅ ပုံ၊ ဖြတ်သန်းသွားလာခွင့်ကတ်ပြား ၂ ခု၊ အင်းအိုင်အဆောင်လက်ဖွဲ့များ၊ စစ်စိမ်းရောင်လွယ်အိပ် ၁ လုံး ၊ဆံပင်တု ၁ ခု ၊ မှတ်စုစာအုပ် ၁ အုပ် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article