27 C
Yangon

လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် လားရှိုးလေယာဉ်ခရီးစဉ်များအားလုံး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း ဖျက်သိမ်း

Must read

ရန်ကုန်၊ ဇူလိုင် ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် လားရှိုး လေယာဉ်ခရီးစဉ်များအားလုံး ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်း ဖျက်သိမ်းလိုက်ကြောင်း လေယာဉ်လက်မှတ်အရောင်းအေဂျင်စီတချို့ထံမှ သိရှိရသည်။

ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်မှစတင်ပြီး လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခြင်းကြောင့် လေ ယာဉ်ခရီးစဉ်များကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း၊ လားရှိုးမြို့ ပတ်ဝန်းကျင်တွင် လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများ တောက်လျှောက်ဆိုသလို ပစ်ခတ်နေပြီး လေဆိပ်နှင့် လေယာဉ်များ၏ လုံခြုံရေး အာမခံ မပေးနိုင်သဖြင့် ခရီးစဉ်များ ဖျက်သိမ်းခြင်းဖြစ်သည်ဟု သိရှိရကြောင်း ခရီးသွားအေဂျင်စီတချို့က ဆိုကြသည်။

ခရီးသွားအေဂျင်စီ တစ်ခုဖြစ်သော Fly With Dream – ပြည်တွင်းပြည်ပလေယာဉ်လက်မှတ် အရောင်းဌာန၏ ကြေညာချက်တွင် လားရှိုးမြို့လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ Myanmar Airways International၊ Mingalar Airline က ပျံသန်းပြေးဆွဲလျက်ရှိသော လားရှိုးခရီးစဥ်များကို ယနေ့ ဇူလိုင် ၃ ရက်နေ့တွင် ဖျက်သိမ်းလိုက်ကြောင်း တရားဝင် ကြေညာထားသည်။

“ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာလည်း မသိသေးပါဘူး။ ဒီနေ့အတွက်တော့ လေယာဉ်ခရီးစဉ်တွေ အားလုံး ဖျက်သိမ်းတယ်လို့ သိထားပါတယ်” ဟု ခရီးသွားအေဂျင်စီတစ်ခုက ရှင်းပြသည်။

အလားတူ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် မန္တလေး-လားရှိုး-မူဆယ် လမ်း ပန်းဆက်သွယ်ရေးများလည်း ပြတ်တောက်နေပြီး လားရှိုး မြို့ အဝင်အထွက်၊ သိန္နီ အဝင်အထွက်များမှာ လုံခြုံရေး စိတ်မချရသည့် အနေအထား ဖြစ်နေကြောင်း၊ ထို့ကြောင့် သွားလာရန် ခက်ခဲနေကြောင်း၊ နမ့်ပေါင်-မိုင်းရယ် ကားလမ်း၊ လားရှိုး-တန့်ယမ်းကားလမ်းများမှာလည်း လုံခြုံရေး စိတ်ချရသည့်အနေအထားမရှိ၍ သွားလာရန် မဖြစ်နိုင်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article