27 C
Yangon

ရန်ကုန်တိုင်းပကဖမှ တိုက်ခိုက်ရေးရဲဘော်များ တောင်ပိုင်းတိုင်းတွင် ပူးပေါင်းတာဝန်ထမ်းဆောင်ပြီး ရန်ကုန် မြို့ပြ စစ်ဆင်ရေး အတွက် ပြင်ဆင်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၃

ရန်ကုန်တိုင်းပကဖမှ တိုက်ခိုက်ရေးရဲဘော်များ တောင်ပိုင်းတိုင်းတွင် ပူးပေါင်းတာဝန်ထမ်းဆောင်ပြီး မြို့ပြ စစ်ဆင်ရေး အတွက် ပြင်ဆင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ ရဲဘော်များက တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း လုံခြုံရေးနှင့်နယ်မြေရှင်းလင်းရေးတာဝန်များကို သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဒေသလက်အောက်ရှိတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းထမ်းဆောင်လျက်ရှိကြောင်း၊ ရန်ကုန် မြို့ပြစစ်ဆင်ရေးများအတွက်လည်း ပြင်ဆင်ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းပကဖ သည် ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တိုက်ခိုက်ရေးတပ်ဖွဲ့များဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် တိုက်ခိုက်ရေးတပ်ဖွဲ့ ၁၊ ၂၊ ၃၊ ၄၊ ၅ ကို စနစ်တကျဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ထို့ပြင် မြို့ပြစစ်ဆင်ရေးများအတွက် မြို့နယ်ပကဖများကို အခြေခံလျက် ခရိုင်အထူးတပ်ဖွဲ့များအနေဖြင့် စနစ်တကျစီမံကွပ်ကဲဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းပကဖသည် ၂၀၂၁ ခုနှစ်မှစတင်ကာ ပျံလွှားအောင်စစ်ဆင်ရေး၊ နန်းထိုက်အောင်စစ်ဆင်ရေးများတွင် ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားခဲ့သလို ၂၀၂၄ နှစ်ဆန်းပိုင်းကလည်း ထီးတန်းဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် စကစ လေယာဉ်ဆီတင်သင်္ဘောအားတိုက်ခိုက်မှု၊ အကြမ်းဖက်စစ်တပ် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဂေါက်ကွင်းအတွင်းဖောက်ခွဲတိုက်ခိုက်မှု စသည့်အထူးစစ်ဆင်ရေးကြီးများကို အောင်အောင်မြင်မြင်ဆောင်ရွက်ထားနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်အမြစ်ပြတ်သည်အထိ ရန်ကုန်ပကဖတပ်ဖွဲ့ဝင်များက ဆက်လက်တွန်းလှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ရန်ကုန်ပကဖကို ဝန်းရံကူညီထောက်ပံ့ပေးကြရန် ထုတ်ပြန် ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article