26 C
Yangon

မတူပီမြို့သိမ်း တိုက်ပွဲအတွင်း စစ်တပ်က ပြည်သူများ နေထိုင်သည့် ရပ်ကွက်များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်၍ နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၃

ချင်းပြည်နယ်၊ မတူပီမြို့သိမ်း တိုက်ပွဲအတွင်း စစ်တပ်က ပြည်သူများ နေထိုင်သည့် ရပ်ကွက်များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်၍ နေအိမ်များ ပျက်စီးခဲ့ကြောင်း Chinland Defense Force Matupi – Brigade 1 အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၉ ရက်နေ့မှ ၂၉ ရက်နေ့အထိ မတူပီ မြို့သိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာ၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် ပြည်သူပိုင် နေအိမ်များပျက်စီးခဲ့ကြောင်း သိရသည်။

မတူပီမြို့သိမ်း စစ်ဆင်ရေးသည် ချင်းပြည်အတွင်း ပြည်သူထိခိုက်မှုမရှိ၊ ပြည်သူပိုင် ပစ္စည်း မီးလောင်ဆုံးရှုံးမှုမရှိသော မြို့သိမ်း စစ်ဆင်ရေး ဖြစ်ကြောင်း Chinland Defense Force Matupi – Brigade 1 က ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article