26 C
Yangon

ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီ တပ်သားများက တော်လှန်ရေး တပ်ဖွဲ့များ၏ အမည်များကို အသုံးချ၍ ခြိမ်းခြောက် ဆက်ကြေးကောက်မှုများ လုပ်ဆောင်နေ

Must read

ရန်ကုန် ၊ ဇူလိုင် ၃

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တော်လှန်ရေး တပ်ဖွဲ့များ၏ အမည်များကို အသုံးချ၍ ခြိမ်းခြောက် ဆက်ကြေးကောက်မှုများ လုပ်ဆောင်နေကြောင်း Myingyan Blcak Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ညောင်ဦးမြို့နယ်ရှိ ရွှေဆိုင်များနှင့် ယမကာဆိုင်များထံမှ Myingyan Black Tiger – MBT နာမည် နှင့် ဗိုလ်မိုက်ခဲနာမည်ကို အသုံးချ၍ ငွေကျပ် သိန်း ၅၀ မှ ငွေကျပ် ၂၅ သိန်း ထိ ခြိမ်းခြောက် တောင်းခံသော စာများပေးပို့ပြီး ဆက်ကြေး လိုက်လဲကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။

“လက်ရှိအနေအထားမှာတော့ ကျနော်တို့ မဟုတ်ဘူးဆိုတာကို လိုက်ပြီးပြောပြနေပါတယ်။ ဆိုင်ရှင် တွေကတော့ ကျနော်တို့ကို တိုက်ရိုက်မဆက်သွယ်ရဲပါဘူး။ ဆိုင်ရှင်နဲ့ ပတ်သက်တဲ့သူတွေက ကျ နော်တို့နဲ့ သိတဲ့သူတွေလည်းရှိတယ်။ မသိတဲ့သူကလည်း ကျနော်တို့ Page ကို လာပြောကြတယ်။ ကျနော်တို့ ဟုတ်သလားပေါ့၊ ကျနော်တို့မဟုတ်ဘူး၊ ကျနော်တို့ ပိုက်ဆံလိုအပ်နေတာတော့ဟုတ် တယ်၊ ကျနော်တို့က ပြည်သူကို ခြိမ်းခြောက်တာတွေလုပ်မှာလည်းမဟုတ်ဘူး။ ဒီကောင်ညာနေတာ တွေက ကျနော်တို့တပ်ဖွဲ့ဟာ ပကဖ လက်အောက်ခံလည်းမဟုတ်သလို တပ်ရင်းကုဒ်တွေလည်း မှားနေတယ်။ ဒါက စခတွေဘက်က လုပ်နေတာပဲ။ စခတွေလုပ်နေတာသေချာတယ်၊ ခြိမ်းခြောက် ခံရတဲ့သူတွေနဲ့ နီးစပ်သူတွေကို ကျနော်တို့ လိုက်လံရှင်းပြနေတယ်။ ဒါပေမယ့် ကျနော်တို့ မသိတာ တွေ၊ ကျနော်တို့နာမည်ကို အလွဲသုံးစားလုပ်ပြီးတော့ ခြိမ်းခြောက်တာတွေ အများကြီးရှိနိုင်သေး တယ်၊ ဒါကြောင့်မို့ စာထုတ်ပြီး ရှင်းလင်းလိုက်ရတာပါ” ဟု Myingyan Blcak Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ညောင်ဦးမြို့နယ်တွင် မြင်းခြံခရိုင် အမှတ်- ၉ တပ်ရင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ အနေဖြင့် အခြေချ နေထိုင်ခြင်းမရှိသလို စစ်ရေးလှုပ်ရှား ဆောင်ရွက်မှုမရှိကြောင်း၊ MBT တပ်ဖွဲ့ ဌာနချုပ်အပါအဝင် စစ်ကြောင်းခွဲများတွင်လည်း ယခုကဲ့သို ခြိမ်းခြောက်မှုအား ခွင့်ပြုထားခြင်းမရှိကြောင်း ပြည်သူများအနေဖြင့် ထပ်မံ၍ ၎င်းနည်းတူ ခြိမ်း ခြောက်ခံရပါက MBT တပ်ဖွဲ့က မဟုတ်သည်ကို သိရှိစေလိုကြောင်း Myingyan Blcak Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆက်လက်ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများ (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article