28 C
Yangon

မင်္ဂလာဒုံရှိ စစ်တပ်ဒေါက်တိုင် Red Ruby စီးကရက်စက်ရုံကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ရုံအတွင်းမီးလောင်

Must read

ရန်ကုန်၊ ဇူလိုင် ၄

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် Red Ruby စီးကရက်စက်ရုံကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စက်ရုံအတွင်း မီးလောင်မှုရှိခဲ့ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက သတင်းထုတ် ပြန်သည်။

ဇွန်လ ၃၀ ရက်နေ့ ည ၉ နာရီ ၄၄ မိနစ်အချိန်က မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ပိုင် Red Ruby စီးကရက်စက်ရုံကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စက်ရုံအတွင်း မီးလောင်မှုရှိခဲ့ပြီး ပျက် စီးဆုံးရှုံးမှုအခြေ အနေကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ ၏ တပ်ခွဲတစ်ခုဖြစ်သော Slayers of Tyrants (SOT) တပ်ခွဲက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူလူထုတစ်ရပ်လုံး၏ ရန်သူဖြစ်သော စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းရနေ ၎င်း၏ စီးပွားရေးထောက်တိုင်များကို တိုက်ခိုက်ခြင်းသည် အဓိကျသောကြောင့် ပြည်သူများအနေဖြင့် ပစ် မှတ်များနှင့် ဝေးဝေးနေပေးကြပါရန် ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ – စစ်တပ်ထုတ်ကုန် Red Ruby စီးကရက်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်ထုတ်ကုန် Red Ruby စီးကရက်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article