30 C
Yangon

စဉ့်ကူး၊ ပင်လယ်ကြီး တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၃၀ ကျော် သေဆုံး၊ စစ်သား တချို့ တပ်ပျက်၍ ထွက်ပြေးနေ

Must read

စဉ့်ကူးမြို့ပေါ်တွင် စစ်တပ်က ခံစစ်ပြင်နေပြီး လက်နက်ကြီးများပါ အင်အားဖြည့်တင်းထား

ရန်ကုန်၊ ဇူလိုင် ၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီး တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ကျော် သေဆုံးပြီး စစ်သား တချို့ တပ်ပျက်၍ ထွက်ပြေးနေကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြား​ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့ နံနက် အစောပိုင်းတွင် ပင်လယ်ကြီး တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သားနှင့် ပျူစောထီး ၃၀ ကျော် သေဆုံးခဲ့ပြီး ကျန်ရှိနေသော စစ်သားများ တပ်ပျက်၍ ထွက်ပြေးနေကြောင်း၊ လက်ရှိချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များသည် ပင်လယ်ကြီး တပ်စခန်းကို မီးရှို့ရှင်းလင်းခဲ့ပြီး နယ်မြေရှင်းလင်းရေးများလည်း ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် စဉ့်ကူးမြို့ပေါ်တွင် ခံစစ်ပြင်နေပြီး လက်နက်ကြီးများပါ အင်အားဖြည့်တင်းထားကာ တော်လှန်ရေး တပ်ဖွဲ့များ ခုခံရန် လုပ်ဆောင်နေပြီး လက်နက်ကြီးများ အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်မှုများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ပင်လယ်ကြီးရွာ စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီ ဒိုးပင်ကုန်း၊ ရေတော် ၊ ထုံးကြီးကျေးရွာတွေက ပျူစောထီးများ အပါအဝင် စစ်ခွေး ၃ဝကျော်သေဆုံးတယ်။ ကျန်နေတဲ့ စစ်ခွေးတွေ တချို့ ထွက်ပြေးနေတယ်။ စဉ့်ကူးမှာလည်း အခု ခံစစ်ပြင်နေပြီ လက်နက်ကြီးတွေပါ တပ်ဆင်ထားတယ်။ စဉ့်ကူးမြို့နယ် ​တောင်ပိုင်း စစ်ခွေးအုပ်စုက လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်တာတွေလည်း လုပ်ဆောင်နေတယ်” ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြား​ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article