27 C
Yangon

နောင်ချိုရှိ စစ်ကောင်စီ၏ ၆၀၆ တပ်ရင်းကို တိုက်ခိုက်စဉ် အဆိပ်ငွေ့ဗုံး ၃ လုံး စစ်တပ်က အသုံးပြု တိုက်ခိုက်ခဲ့သဖြင့် TNLA ရဲဘော် ၈ ဦး အဆိပ်ငွေ့သင့်ပြီး ဆေးကုသမှု ခံယူရ

Must read

ရန်ကုန်၊ ဇူလိုင် ၅

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ ၆၀၆ တပ်ရင်းကို တိုက်ခိုက်စဉ် အဆိပ်ငွေ့ဗုံး ၃ လုံးကို စစ်တပ်က အသုံးပြု တိုက်ခိုက်ခဲ့သဖြင့် TNLA ရဲဘော် ၈ ဦး အဆိပ်ငွေ့သင့်ပြီး ဆေးကုသမှု ခံယူရကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် နောင်ချိုမြို့နယ်၊ စစ်ကောင်စီ၏ ဒုံးတပ်ရင်း ၆၀၆ ကို TNLA က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ၃ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်က ယင်းသို့ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင် ၈ ဦး အဆိပ်ငွေ့သင့်ပြီး အသက်ရှုမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းနှင့် မအီမသာဖြစ်ခြင်း ခံစားနေရပြီး ဆေးကုသမှု ခံယူနေကြရကြောင်း သိရှိရသည်။

စစ်ကောင်စီက ဇူလိုင်လ ၁ ရက်နေ့ကလည်း နောင်ချိုရှိ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းကို တိုက်ခိုက်စဉ် စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ၁ လုံး ကို အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ဇူလိုင်လ ၄ ရက်နေ့တွင်လည်း အဆိပ်ငွေ့ ဗုံး ၃ လုံးကို အသုံးပြုခဲ့ရာ စုစုပေါင်း အဆိပ်ငွေ့ ဗုံး ၄ လုံးကို အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article