27 C
Yangon

နောင်ချို၊ ကျောက်​ကြမ်းရွာ တိုက်ပွဲတွင် သေဆုံးခဲ့သော ဒုဗိုလ်မှူးကြီး သန့်ဇော်ခိုင် အပါအဝင် စစ်သည် ၁၂ ဦးကို ပျောက်ဆုံး စာရင်းသွင်းလိုက်ပြီး အသက်အာမခံနှင့် လျှော်ကြေးများ ကျန်ရစ်သူမိသားစုများ မရ

Must read

အသက်အာမခံနှင့် လျှော်ကြေးလိုချင်ပါက အလောင်းများရှာခဲ့ရန် တပ်မှူးက ကျန်ရစ်သူမိသားစုများကို စေခိုင်း

ရန်ကုန်၊ ဇူလိုင် ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကျောက်​ကြမ်းရွာတိုက်ပွဲတွင် သေဆုံးခဲ့သော ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ခိုင်ကို အလောင်းမပြနိုင်သဖြင့် ပျောက်ဆုံးစစ်သည်များ၏ စာရင်းသွင်းလိုက်ပြီး ကျန်ရစ်သူမိသားစုအနေဖြင့် အသက်အာမခံနှင့် လျှော်ကြေးများ မရရှိကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်အခြေစိုက် တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန တပ်)မှ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ခိုင်း၊ ဗိုလ်ကြီးဇင်မင်းထွန်း အပါ အဝင် စစ်သည် ၁၂ ဦးသည် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းတိုက်ပွဲတွင် သေဆုံးခဲ့သော်လည်း အလောင်းပြန်လည် မရရှိခဲ့ကြောင်း၊ ထို့ကြောင့် ပျောက်ဆုံးစာရင်းသွင်းပြီး အသက်အာမခံကြေးနှင့် လျှော်ကြေးကို ကျန်ရစ်သူ မိသားစုများက မရရှိကြောင်း သိရှိရသည်။

“သေဆုံးအရာရှိ စစ်သည်တွေရဲ့ နယ်က မိဘ​တွေကို တပ်ကိုလာဖို့အ​ကြောင်းကြားပြီး တပ်​ရောက်မှ​သေဆုံး​ကြောင်း​ပြောပါတယ်။ ငိုချင်ရင်တပ်ထဲမှာပဲ ငိုပြီးအပြင်မ​ပေါက်ကြား​စေဖို့ မိသားစုဝင်​တွေကို မှာတယ်။ နာ​ရေးရက်လည် လုပ်အပြီးမှာ ​သေဆုံးသူ​တွေအားလုံးကို ​ပျောက်ဆုံး အ​နေ နဲ့ ​ပဲဆက်လက်တင်ပြတယ်။ အဲဒီတော့ အသက်အာမခံ လျှော်ကြေးလည်း မရတဲ့အပြင် ဂရက်ဂျူတီလိုချင်ရင် အ​လောင်းပြနိုင်မှ ရမယ်ဆိုပြီး ကျန်ရစ်သူ မိသားစုကို ပြောပါတယ်။ အဲဒါကို သသနတပ်မှူး ဗိုလ်ချုပ်စိုးမြင့်​မောင်က စီမံ လုပ်ဆောင်တာဖြစ်ပါတယ်” ဟု တပ်အသိုင်းအ၀ိုင်းက ရှင်းပြသည်။

ပြင်ဦးလွင် သသနတပ်မှ သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ခိုင်မှာ DSA အပတ်စဉ် ၄၃ ကျောင်းဆင်းဖြစ်ပြီး ဗိုလ်ကြီးဇင်မင်းထွန်း -DSTA အပတ်စဥ် ၁၆ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာပြင်များတွင် သေဆုံးမှု များပြားနေသည့်အတွက် လက်ရုံးတပ်များ၊ ပညာသည် အရာရှိနှင့် စစ်သည်များကိုပါ ရွေးထုတ်၍ စစ်တိုက်ခိုင်းမှုများကို တောက်လျောက်ဆိုသလို ဆောင်ရွက်လျက်ရှိကြောင်း တပ်အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

ဓာတ်ပုံ – နောင်ချိုမြို့တိုက်ပွဲများတွင် သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

နောင်ချိုမြို့တိုက်ပွဲများတွင် သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article