30 C
Yangon

ရေဦးမြို့ပေါ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မည်ကို ကြောက်လန့်၍ စစ်တပ်က အခိုင်အမာ ခံစစ်ပြင်ဆင်နေပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မည်ကို ကြောက်လန့်၍ စစ်တပ်က အခိုင်အမာ ခံစစ်ပြင်ဆင်နေပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ရေဦးမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများသည် PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မည်ကို ကြောက်လန့်နေ၍ နေ့စဉ် လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်သည့် ရေဦးမြို့ မြောက်ဘက် ၊ တောင်ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရေဦးမြို့ တောင်ဘက်အထွက် စိုက်ခင်းများရှိရာ နေရာတွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကင်းပုန်းများ ဖြန့်ဝပ်ပြီး ခံစစ်ပုံစံ ပြုလုပ်နေပြီး ရေဦးမြို့ ဂါဝီ ပန်းခြံဘက်တွင်လည်း ဘန်ကာစင်များထိုး၍ ခံစစ် ပြုလုပ်လျက်ရှိနေကြောင်း သိရှိရသည်။

အဆိုပါ ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဇူလိုင်လ ၄ ရက်နေ့ ည ၇ နာရီခန့်တွင် လေးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၇ နှစ်အရွယ် မအေးစိုး သေဆုံးခဲ့ကြောင်း သိရသည်။

“ရေဦးမြို့နယ် မြောက်ဘက်ခြမ်း လေးရွာအတွင်း ၁၂၀ မမ လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲပြီး သာစည်ရပ်ကွက်က အသက် ၃၇ နှစ် အရွယ် မအေးစိုး ထိမှန် သေဆုံးခဲ့တယ်။ ရေဦးမြို့ တိုင်းရင်း စစ်ခွေး အထိုင်ကနေ အကြောင်းမဲ့ သက်သက် ပစ်ခတ် လိုက်တာပါ။ ရေဦးမြို့ပေါ်က စစ်ခွေးတွေဟာ ညတိုင်း ကြောက်လန့်နေပြီး လက်နက်ကြီးနဲ့ ညစဥ်ညတိုင်း ပြည်သူတွေနေထိုင်တဲ့ မြောက်ဘက်ခြမ်း တောင်ဘက်ခြမ်း အနောက်ဘက်ခြမ်းရွာတွေကို အကြောင်းမဲ့သက်သက်ထုတယ်။ ရေဦးမြို့ တောင်ဘက်အထွက် စိုက်ခင်းဘက်မှာလည်း ခွေးကင်းပုန်းတွေ ဖြန့်ဝပ်ပြီး ခံစစ်ပုံစံမျိုး ပြုလုပ်နေကြတယ်။ ရေဦးဂါဝီပန်းခြံဘက်မှာလည်း ဘန်ကာစင်တွေထိုးပြီး ခံစစ်ပုံစံမျိုး ပြုလုပ်နေတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article