30 C
Yangon

ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောနှင့် ကာလဝမ်းရောဂါ ဖြစ်ပွားသူ အရေအတွက် တိုးလာနေဆဲ၊ ၄ ရက်အတွင်း ဝမ်းပျက်လူ ၂၄၁ ဦးရှိပြီး ကာလဝမ်းရောဂါဖြစ်ပွားသူ ၂၀ ဦးရှိလာ

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

ရန်ကုန်မြို့တွင် ဝမ်းပျက်ဝမ်းလျှောနှင့် ကာလဝမ်းရောဂါ ဖြစ်ပွားသူ အရေအတွက် တိုးလာနေဆဲဖြစ်ပြီး ၄ ရက်အတွင်း ဝမ်းပျက်လူ ၂၄၁ ဦးရှိကာ ကာလဝမ်းရောဂါဖြစ်ပွားသူ ၂၀ ဦးရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တွင် ၄ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှော လူနာ ၂၄၁ ဦး ဆေးရုံတက် ကုသမှု ခံယူရပြီး ကာလဝမ်းရောဂါ ဖြစ်ပွားသူ ၂၀ ဦး ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဇူလိုင်လ ၆ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှော လူနာ ၆၃ ဦး ဆေးရုံတင်ကုသမှု ခံယူရကြောင်း၊ ဇူလိုင်လ ၇ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျော လူနာ ၄၄ ဦး ဆေးရုံတင်ကုသမှုခံယူရကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှော လူနာ ၆၀ ဦး ဆေးရုံတင်ကုသမှု ခံယူရကြောင်း၊ ဇူလိုင်လ ၉ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှော လူနာ ၆၄ ဦး ရှိခဲ့ကြောင်း ၊ ဇူလိုင်လ ၆ ရက်မှ ၉ ရက်နေ့အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်လူနာ ၂၄၁ ဦးရှိကြောင်း သိရှိရသည်။

အဆိုပါ ဝမ်းပျက်ဝမ်းလျှော လူနာများတွင် မူလ ကာလဝမ်းရောဂါ ကူးစက်ခံရသူ ၅ ဦးရှိပြီး ယင်းတို့အနက်မှ ၁ ဦးမှာ သေဆုံးခဲ့ကြောင်း၊ ဇူလိုင်လ ၇ ရက်နေ့ ဝမ်းပျက်ဝမ်းလျှောသူ လူနာ ၄၄ ဦးအနက်မှ ၂ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ခေါ်) ကာလဝမ်းရောဂါ ဖြစ်ပွားကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့ ဝမ်းပျက်ဝမ်းလျှော လူနာ ၆၀ ဦးအနက်မှ ၆ ဦးမှာ ကာလဝမ်းရောဂါ (ခေါ်) ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရကြောင်း ၊ ဇူလိုင်လ ၉ ရက်နေ့ ဝမ်းပျက်လူနာ ၆၄ ဦးအနက်မှ ၇ ဦးမှာ ကာလဝမ်းရောဂါ (ခေါ်) ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါ ကူးစက်ခံရကြောင်း သိရှိရသည်။

စစ်ကောင်စီက သာကေတနှင့်ဒေါပုံတို့တွင် လမ်းဘေးစားသောက်ဆိုင်များကို ယာယီပိတ်ထားခြင်း၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုလုပ်ငန်းများကို ဆောင် ရွက် နေပြီး စျေးများကိုလည်း စစ်ကောင်စီက ကြီးကြပ်စစ်ဆေးမှုများ လုပ် ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသော သာကေတမြို့နယ်ရှိ ရေတွင်းရေကန်များတွင် ပရဟိတ စေတနာရှင် လူငယ်များက ကလိုရင်း ခတ်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသော သာကေတမြို့နယ်ရှိ ရေတွင်းရေကန်များတွင် ပရဟိတ စေတနာရှင် လူငယ်များက ကလိုရင်း ခတ်နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article