ရန်ကုန်၊ ဇူလိုင် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာတွင် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်က နေအိမ်များကို မွှေနှောက်ပြီး ဘုရားကြေးဆင်းတုတော် ၁၅ ဆူ အပါအဝင် ငွေ၊ ရွှေ၊ ကား၊ ဆိုင်ကယ်များကို လုယက်သွားကြောင်း PNLA က ပြောဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်က ဆီဆိုင်မြိုနယ် နားခိုက်ကျေးရွာအတွင်းသို့ ပစ်ခတ် ဝင်ရောက်လာပြီး ရွာအတွင်းရှိ ပြည်သူနေအိမ် ၁၅၆ အိမ်ကို မွေနှောက်ဖျက်ဆီးကာ ဘုရားကြေးဆင်းတုတော်များ ငွေများ ကား ဆိုင်ကယ်များကို လုယက်ယူဆောင်သွားခဲ့ကြောင်း ၊ ပြည်သူ ၃ ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီလက်ပါးစေPNOများ လုယက်ယူဆောင်သွားခဲ့သည့် ပြည်သူ့ဥစ္စာပစ္စည်းများမှာ ကား ၄ စီး ၊ ဆိုင်ကယ် ၂၈ စီး ၊ ကုန်စုံဆိုင် ၄ ဆိုင်ဖျက်ဆီးခံရ ၊ ဘုရားကြေးဆင်းတုတော် ၁၅ ဆူ ၊ မွှေနှောက်လုယက်ခံရသည့်အိမ် ၁၅၆ အိမ်၊ မီးရှိဖျက်ဆီးသွားသည့်အိမ် ၈ အိမ်၊ သတ်ဖြတ်ခံရသည့် ဒေသခံ ၃ ဦး ၊ ရိုက်နှက်ခံရသည့် ဒေသခံ ၈ ဦး ၊ ဘုန်းကြီးကျောင်းအပစ်ခံရမှု ၃ ကြိမ် ၊ မီးမရှိပဲဖျက်ဆီးသွားသည့် အိမ် ၄ အိမ် ၊ မီးရှိဖျက်ဆီးသွားသည့်ကား ၁စီး ၊ ဖုန်း ၁၄ လုံး ၊ ပါဝါဘဏ် ၂၆ လုံး ၊ရွှေ ၁၀ ကျပ်သား၊ ငွေသား ၃၄၀ သိန်း တို့ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် PNO က နေအိမ် ၈ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဦးစီးချုပ်၏ မိသားစုပိုင် နေအိမ်ကိုလည်း ဒုတိယအကြိမ် မီးရှိဖျက်ဆီးခဲ့ကြောင်း၊ ရဟန်းသံဃာများက တောင်းပန်ခြင်းနှင့် မီးငြိမ်းသတ်ပေးခြင်းကြောင့် မီးကူးစက်လောင်ကျွမ်းခြင်းမှ ကင်းလွတ်ခဲ့ကြောင်း သိရှိရသည်။
နားခိုက်ကျေးရွာသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဦးစီးချုပ်၏ ဇာတိကျေးရွာဖြစ်ပြီး ယခင် ဧပြီလတွင်လည်း စစ်ကောင်စီလက်ပါးစေပြည်သူ့စစ်များက ပထမအကြိမ် မီးဝင်ရှို့ခဲ့ကြောင်း၊ နားခိုက်ကျေးရွာသည် ဆီဆိုင်မြိုနယ် လွယ်မောတောင်ဒေသတွင် တည်ရှိပြီး အိမ်ခြေ ၃၅၀ ကျော်ရှိသည့် ရွာဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




