24.6 C
Yangon

Breaking News- နောင်ချိုရှိ နောက်ဆုံးတပ်စခန်းဖြစ်သော ၆၀၆ ဒုံးတပ်ရင်းမှ တပ်ပေါင်းစုများ ယမန်နေ့ ညပိုင်း ဆုတ်ခွာ၊ စစ်ကူ နေပြည်တော် ခမရ ၃၀၂ တပ်ပါ တစ်ပါတည်း လိုက်ပါလာ

Must read

နောင်ချိုမြို့နယ်တစ်ခုလုံးကို TNLA ဦးဆောင်သော တော်လှန်ရေး တပ်များက အပြီးသတ်သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဇူလိုင် ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန် တပ်စခန်းဖြစ်သော တပ်မတော် (ကြည်း) အမှတ် ၆၀၆ ဒုံးတပ်ရင်းမှ ဗျူဟာမှူး၊ တပ်ရင်းမှူးများ ဒဏ်ရာရရှိပြီးနောက် တပ်ပေါင်းစု စစ်ကြောင်းတစ်ခုလုံး ယမန်နေ့ ညပိုင်း ဆုတ်ခွာလာပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့ ညပိုင်းတွင် နောင်ချိုမြို့၊ တပ်မတော် (ကြည်း) အမှတ် ၆၀၆ ဒုံးတပ်ရင်းမှ ဗျူဟာမှူး၊ တပ်ရင်းမှူးများ ဒဏ်ရာရရှိပြီးနောက် စစ်ကြောင်းတစ်ခုလုံး ဆုတ်ခွာလိုက်ခြင်းဖြစ်ကြောင်း၊ နေပြည်တော်မှ စစ်ကူပေးပို့ထားသော နေပြည်တော်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဧလာမှ ခမရ ၃၀၂ တပ် ရင်းပါ တစ်ပါတည်း ဆုတ်ခွာလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“နောင်ချို ၆၀၆ ဒုံးတပ်မှ ဗျူဟာမှူးနဲ့တပ်ရင်းမှူများ ဒဏ်ရာတွေရရှိပြီး တပ်ပေါင်းစုတွေ မနေ့ ညက တောလမ်းကနေ့တပ်ဆုတ်ခွာလာပါတယ်။ စစ်ကူပေးပို့ထားတဲ့ နေပြည်တော် ခမရ ၃၀၂ တပ်လည်း တပ်ပေါင်းစုနဲ့အတူ ပြန်ပါလာတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

TNLA တအာင်းတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူထံသို့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ နောင်ချို ၆၀၆ ဒုံးတပ်ရင်းကို TNLA က သိမ်းပိုက်မှု သတင်းနှင့်ပတ်သက်ပြီး သတင်းတက်လာခြင်းမရှိသေး ဟု ပြော ဆိုသည်။

“နောင်ချို ၆၀၆ ဒုံးတပ်ရင်းကို ရကြောင်း သတင်းမတက်လာသေးပါ” ဟု TNLA တအာင်းတပ်မတော်မှ ပြောရေး ဆိုခွင့်ရှိသူက စင်ဂနယ်မှတစ်ဆင့် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ဇွန်လ ၂၅ ရက်နေ့တွင် TNLA က စတင် ထိုးစစ်ဆင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၅ တပ်ရင်း ၊ နောင် ချိုမြို့နယ် ရဲစခန်း၊ ကံ့ ကော် တပ်စခန်း၊ ခဲမွန်စစ်တပ်စခန်း၊ ကျောက်ကြမ်းတပ်စခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူ တာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီး စသည့် စစ်ကောင်စီတပ်စခန်းများကို ဇွန်လ ၂၅ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့ အတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန် တပ်မတော်(ကြည်း) အမှတ် ၆၀၆ ဒုံးတပ်ရင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဇွန်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီ၏ ခမရ ၁၁၄ စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ဇူလိုင်လ ၉ ရက်နေ့ ညပိုင်းတွင် အမှတ် ၆၀၆ ဒုံးတပ် ရင်းကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် နောင်ချိုတစ်မြို့နယ်လုံးကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article