ရန်ကုန်၊ ဇူလိုင် ၁၀
မကွေတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် မြစ်ဆိပ်သို့ ရေချိုးဆင်းလာသော ရဲတစ်ဦးကို လက်နက်ခဲယမ်းနှင့် အတူ အရှင် ဖမ်းဆီးရမိခဲ့ကြောင်း Generation Z Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လ ၇ ရက်နေ့တွင် ဂန့်ဂေါမြို့တွင်း၌ တာဝန်ကျနေသော အသက် ၂၃ နှစ်အရွယ် ရဲတပ်သား ရဲထက်မြတ်သည် မြစ်ဆိပ်သို့ ရေချိုးဆင်းလာစဉ် Generation Z Army တပ်ဖွဲ့က အရှင်ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသော ရဲတပ်သား ရဲထက်မြတ်ထံမှ G3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ 7.62 (G 3) ကျည် ၁၂ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရဲတပ်သားကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ဆက်လက်ထိန်းသိမ်းထားကြောင်း Generation Z Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
