26 C
Yangon

နောင်ချိုမြို့ရှိ စစ်တပ်၏ လက်ကျန်တပ်စခန်းဖြစ်သော ၆၀၆ ဒုံးတပ်ရင်းကို TNLA ပူးပေါင်း တပ်ဖွဲ့က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ တန့်ယန်းနှင့် မိုးမိတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

နောင်ချိုမြို့ရှိ စစ်တပ်၏ လက်ကျန်တပ်စခန်းဖြစ်သော ၆၀၆ ဒုံးတပ်ရင်းကို TNLA ပူးပေါင်း တပ်ဖွဲ့က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ တန့်ယန်းနှင့် မိုးမိတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ ဇူလိုင် ၁၀

ရှမ်းပြည်နယ်၊ နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လက်ကျန်တပ်စခန်းဖြစ်သော ၆၀၆ ဒုံးတပ်ရင်းကို TNLA ပူးပေါင်း တပ်ဖွဲ့က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လက်နက်ကျန်တပ်စခန်းဖြစ်သော ၆၀၆ ဒုံးတပ်ရင်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ နောင်ချိုမြို့နယ် သဲခေါ်ရွာ အနီးတဝိုက်တွင်လည်း တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ထို့ပြင် တန့်ယန်းမြို့နယ် နားဆောင်ရွာအနီး တဝိုတ်တွင်လည်း တအာင်းတပ်မတော် TNLA က အကြမ်းဖက် စစ်တပ်၏ မန်ကတ်စခန်းနှင့် မန်ပတ်စခန်း တို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မိုးမိတ်မြို့နယ်၊ ရွှေတောင်ဦးဘုရားအနီးတဝိုက်တွင်လည်း အကြမ်းဖက် စစ်တပ်၏ စကခ-၂၁ ၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် TNLA ၊ PLA ၊ MOD PDF ပူးပေါင်းတပ်ဖွဲတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားလျက်ရှိသော မိုးမိတ်မြို့တွင် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ယာဉ်ဖြင့် လက်နက်ခဲယမ်းများ ၆ ကြိမ် ပစ်ချခဲ့ပြီး Y12 ဖြင့် ဗုံး ၁၆ လုံး မိုးမိတ်မြို့အတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နောင်ချိုမြို့အတွင်းကို အကြမ်းဖက် စစ်တပ်က Y12 ဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article