25 C
Yangon

နတ်တလင်းနှင့် မြိုင်မြို့နယ်တို့တွင် ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

နတ်တလင်းနှင့် မြိုင်မြို့နယ်တို့တွင် ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၁

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းမှ ထွက်လာသော ရဲ၊ ပျူစောထီး များကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ် ဖွဲ့ – Phoenix D F မှ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် နတ်တလင်းမြို့နယ် အရှေ့ဘက် တောင်ညိုရဲစခန်းမှ ဆိုင်ကယ် ၅ စီးဖြင့် ကင်းလှည့်ထွက်လာသော ရဲ၊ ပျူစောထီးများကို အောင်ရတ နာ စာသင်ကျောင်းအနီးအရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး၊ ပျူစောထီးတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သတင်းကြားတာကတော့ ၅ ဦးဒဏ်ရာရပြီး ၂ ဦးသေတယ်လို့ကြားတယ်၊ သတင်းကဖျောက်ထား တာ၊ ညပိုင်းဖြစ်တာဆိုတော့ ဘယ်လောက်ထိတယ်ဆိုတာ အနီးအနားက ပြည်သူတွေတောင် မသိ ဘူး။ ပျူတစ်ဦးနဲ့ စခန်းမှူးသေတယ်လို့တော့ကြားတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု နတ် တလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ် ဖွဲ့ – Phoenix D F မှ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း-၃၈၀၁ ၊ တပ်ခွဲ ၂ PHOENIX D F အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲ၊ ပျူစောထီးများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုများပြုလုပ်ပြီးနောက် ဆင်သေရွာမှ အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရှိရသည်။

နတ်တလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F အနေဖြင့် အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူစောထီးများနှင့် စစ်တပ်ဒေါက်တိုင်များကို အလျဉ်းသင့်သလို တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်သည့် အတွက် မိဘပြည်သူများအနေဖြင့် ထိခိုက်မှုမရှိစေရန် စစ်သား၊ ရဲ၊ ပျူနှင့် စစ်တပ်ထောက်တိုင်များ ၏ အနီးအနားတွင် သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြပါရန် အသိပေးမေတ္တာရပ်ခံထားသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်စစ်တပ်စခန်းမှ ထွက်လာသော အကြမ်း ဖက် စစ်သား များကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက မြိုင်မြို့နယ်၊ ကိုင်းတောမရေစက်စောင့် အကြမ်းဖက်စစ်တပ် စခန်းမှ စစ်သား ၂၅ ဦးခန့်သည် ရိက္ခာရှာရန်အတွက် အနောက်ဘက် မီတာ ၇၀ ခန့်အကွာရှိ ပုသိမ် -မုံရွာလမ်းမကြီးပေါ်သို့ တက်လာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ရေစက်ကနေ အနောက်ဘက်ကို ထွက်လာရင် မီတာ ၇၀ လောက်ရောက်တာနဲ့ ပုသိမ် -မုံရွာလမ်းမ ကြီးပေါ်ရောက်သွားတာ၊ တိုက်ပွဲကြာချိန် မိနစ် ၂၀ လောက်ကြာခဲ့တယ်၊ ကျနော်တို့ဘက်နေ စပစ် တာ၊ သူတို့ဘက်က တစ်ယောက်ထိတယ်၊ တစ်ယောက်ဒဏ်ရာရတယ်၊ တကယ်တော့ နှစ်ယောက် လုံး လဲကျသွားတာ၊ အဲဒီအချိန်မှာ တစ်ယောက်က လုံးဝပြန်ထလို့မရတော့ဘူး။ အဲဒီအချိန်မှာ အလောင်းကို ပြန်ဆွဲသွားတာ၊ အလောင်းကို အရပြန်ယူသွားတာ။ နောက်တစ်ယောက်ကိုတော့ ဒဏ်ရာရတဲ့အနေအထားနဲ့ ပြန်ဆွဲသွားတာ မြင်လိုက်ရတယ်။အဲလိုတိုက်ပွဲဖြစ်ပြီးတော့ ဆက်ထွက် မလာတော့ ပြန်ဆုတ်သွားတာ၊ ကျနော်တို့ဘက်က ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Pakokku People’s Defense Force၊ Earthquake People’s Defence Force ၊ မဟာမိတ်တပ်ပေါင်းစု (MUGDF ၊ James Bond ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့) ၊ Justice Revolution Force၊ ဝံပုလွေအဖွဲ့ ၊ Hunter PKU ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၂ မှ Thurain-TR ၊ Shwe Nyar Myae PDF ၊ Pakokku Ranger နှင့် Young Force – UG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article