35 C
Yangon

ဘန်ကောက်လ၀ကရုံးတွင် ဗီဇာသက်တမ်းလာတိုးသည့် စစ်ကောင်စီလေတပ် ဗိုလ်မှူးကြီးတစ်ဦးကို မြင်တွေ့ရ၊ ချင်းမိုင် လက၀ ရုံးတွင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများက ဗီဇာ သက်တမ်းလာတိုးသော မြန်မာများ ၏ ကိုယ်ရေး အချက်အလက်များကို စစ်ဆေးနေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဗီဇာထိန်းချုပ်သည့် လ၀ကရုံးဖြစ်သော (IT Square Immigration Division 1)တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ လေတပ်မှ ဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိ တစ်ဦး ဝတ်စုံအပြည့်ဖြင့် ဗီဇာသက်တမ်းတိုးခြင်းများလာရောက် လုပ်ဆောင်ခဲ့ကြောင်း ထိုင်းရောက် မြန်မာတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် စစ်တပ်၏ လေဆိပ် ဗိုလ်မှူးကို ဘန်ကောက်လ၀ရုံးတွင် တွေ့မြင်ရခြင်းဖြစ်ပြီး အဆိုပါ ဘန်ကောက်လ၀ရုံး ( IT Square Immigration Division 1) သည် ထိုင်းနိုင်ငံသို့ အလည်ရောက်ရှိသူများ ဗီဇာ သက်တမ်းတိုးရသည့် ရုံးနေရာလည်း ဖြစ်ကြောင်း ၊ မည်သည့်အတွက်ကြောင့် အဆိုပါလေတပ်အရာရှိက ဝတ်စုံအပြည့်ဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည်ကို မသိရှိရကြောင်း ထိုင်းရောက် မြန်မာတချို့က ပြောဆိုကြသည်။

ထို့ပြင် ထိုင်းနိုင်ငံ ချင်းမိုင်လ၀ကရုံးတွင် အကြမ်းဖက်စစ်တပ်၏ လက် အောက် ခံဝန်ထမ်းများက ဗီဇာသက်တမ်း လာတိုးသော မြန်မာနိုင်ငံသားများ၏ အချက်အလက်များကို ထိုင်းအရာရှိများ၏ ခွင့်ပြုချက်ဖြင့် စစ်ဆေးမှုများ ရှိနေကြောင်း ဗီဇာဝန်ဆောင်မှု ပေးနေသူများက ရန်ကုန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဝန်ထမ်းများက ချင်းမိုင်လ၀က ရုံးတွင် ရှိနေသည်မှာ ၁ လ ဝန်းကျင်ခန့်ရှိပြီဖြစ်ကြောင်း ဗီဇာဝန်ဆောင်မှု ပေးသူများက ဆိုကြသည်။

“Visa သက်တမ်းလာတိုးတဲ့ သူရဲ့ အချက်အလက်တွေကို စကစ ဘက်က သူ့မှာရှိတဲ့ အချက်အလက်နဲ့ တိုက်စစ်ပါတယ်တဲ့။ သူတုံးထုပြီးမှ Thai Immigration officer က Process run တယ်။ ထိုင်းနဲ့ မြန်မာပေါင်းလုပ်တဲ့သဘောပဲ”ဟု ဗီဇာဝန်ဆောင်မှု ပေးသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးအခြေအနေ ဆိုးရွားနေချိန် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ သားများ အများဆုံး ရောက်ရှိနေသော အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည်။

ဓာတ်ပုံ – ဘန်ကောက် လ၀ကရုံးဖြစ်သော IT Square Immigration Division 1 တွင် စစ်ကောင်စီ လေတပ်မှ ဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိ တစ်ဦးကို ဝတ်စုံအပြည့်ဖြင့် တွေ့ရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဘန်ကောက် လ၀ကရုံးဖြစ်သော IT Square Immigration Division 1 တွင် စစ်ကောင်စီ လေတပ်မှ ဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိ တစ်ဦးကို ဝတ်စုံအပြည့်ဖြင့် တွေ့ရစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article