30 C
Yangon

အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၀၀၀ ရောက်ရှိပြီး အခေါက်ရွှေစျေး သိန်း ၆၀ ဝန်းကျင်တွင် စျေးရှိနေ၊ ဒေါ်လာနှင့်ရွှေ အဝယ် အလွန်များပြားပြီး ရောင်းသူမဲ့စျေးကွက်ဖြစ်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

ပြည်တွင်း စီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၀၀၀ သို့ ရောက်ရှိပြီး အခေါက်ရွှေစျေးနှုန်းမှာမူ ငွေကျပ် သိန်း ၆၀ ဝန်းကျင်တွင် ရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“အရွယ်စျေးက တစ်ဒေါ်လာကို ၄၉၆၀ နဲ့ ၅၀၀၀ အကြားရှိတယ်။ ၅၀၀၀ ရောက်သွားပြီလို့ ပြောလို့ရတယ်။ ထိုင်းတစ်ဘတ်ကို အခုက ၁၃၈ ကျပ်ကျော်ရှိနေပြီ။ ဒေါ်လာရော ဘတ်ရော စံချိန်တင်ပဲ။ အဝယ်ချည်းပဲ အရောင်းလုံး၀ မရှိဘူး” ဟု ရန်ကုန်မြို့မှ နိုင်ငံခြားငွေလဲလက်ကြီးဒိုင်က ပြောဆိုသည်။

ရွှေစျေးကွက်တွင်မူ ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၀၈ တွင် ရှိနေပြီး မြန်မာ့ရွှေစျေးနှုန်းမှာမူ ၅၉ သိန်း ၃ သောင်းနှင့် သိန်း ၆၀ အကြား ညှိနှိုင်းရောင်းချကြကြောင်း၊ ရွှေစျေးနှုန်းသည် စံချိန်တင် သိန်း ၆၀ သို့ ရောက်ရှိပြီဟုဆိုနိုင်ကြောင်း၊ စစ်ကောင်စီ၏ အဖမ်းအဆီးများကို ကြောက်၍ စျေးကွက်မှာ ပုန်းလျှိုးကွယ်လျှိုးချိတ်ဆက်ရောင်းဝယ်ရကြောင်း၊ အဝယ်အဓိက များပြားကြောင်း ရန်ကုန်ရွှေကုန်သည်တချို့ကဆိုကြသည်။

“ရွှေစျေးက ၅၉ သိန်း ၃ သောင်းနဲ့ သိန်း ၆၀ ဝန်းကျင်မှာရှိတယ်။ တကယ်ငွေစျေးနဲ့ တွက်ရင် သိန်း ၆၀ တောင်ကျော်ပါတယ်။ ဒါပေမယ့် အရောင်းအဝယ်နဲ့ ပြည်တွင်းမားကတ်အခြေအနေအရ ဖြစ်နေတဲ့စျေးနှုန်းပါပဲ။ ဒီစျေးတွေတောင်မှ စံချိန်ချိုးနေပါပြီ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article