ဒီကနေ့ ဇူလိုင် ၁၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး ပါမောက္ခရှောင်တာနယ်က တောင်းဆိုလိုက်ပါတယ်။
- ပြည်တွင်း စီးပွားရေးစျေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် ၅၀၀၀ ကို ရောက်ရှိပြီး အခေါက်ရွှေစျေးနှုန်းမှာ ငွေကျပ် သိန်း ၆၀ ဝန်းကျင်မှာ ရှိနေတယ်လို့ စျေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။
- မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်ကပြည်သူတွေ စစ်ဘေးတိမ်းရှောင်သွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေက နေအိမ်နဲ့ ဆိုင်ခန်းတွေကို စိတ်ကြိုက်ဖောက်ထွင်းနေကာ CB ဘဏ်ကို ဖောက်ထွင်းနေချိန် မြင်တွေ့လိုက်တဲ့ ပြည်သူ ၁ ဦးကိုလည်း ပစ်ခတ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar