နယ်သာလန်၊ ICJ တရားရုံး၊ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC နှင့် ဥရောပသမဂ္ဂရုံးအနီးတို့တွင် “ရန်ကုန်မှာ ပြန်ဆုံမယ်” အင်္ကျီများဝတ်ဆင်၍ မြန်မာစစ်အာဏာ ရှင် ဆန့်ကျင်ရေးလှုပ်ရှား
ရန်ကုန်၊ ဇူလိုင် ၁၃
နယ်သာလန်နိုင်ငံ၊ The Hague မြို့ရှိ ကICJ တရားရုံး၊ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC နှင့် ဥရောပသမဂ္ဂရုံးအနီးတို့တွင် “ရန်ကုန်မှာ ပြန်ဆုံမယ်” အင်္ကျီများဝတ်ဆင်၍ မြန်မာစစ်အာဏာ ရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)က “ရန်ကုန်မှာပြန် ဆုံမယ်” စာတန်းပါအင်္ကျီများဝတ်ဆင်၍ စစ်အာဏာရှင်ဆန့်ကျင် ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်မှကျူးလွန်နေသည့် အကြမ်း ဖက်စစ်ရာဇဝတ်မှုမှတ်တမ်းများအား ကမ္ဘာ့ခုံရုံးမှ အထူးအလေး အနက်ထားအရေးယူရန်၊ လွတ်မြောက်ဒေသ နှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို ဆန့်ကျင်တိမ်း ရှောင်နေကြ သူ များ၊ အကျဥ်းထောင်များမှ နိုင်ငံရေးအကျဥ်းသားများ၊ မြေ ပေါ် မြေအောက်တော်လှန်ရေး အင် အားစုများ နှင့် ရန်ကုန်ရှိမိဘပြည်သူများအားလုံး ရန်ကုန်တွင်ပြန်ဆုံကြစေရန် နှင့် ရေဘဝဲ၏ ဆောင် ပုဒ်တခုဖြစ်သော ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူကြရန် ရည်ရွယ်၍ “ရန်ကုန်မှာပြန် ဆုံမယ်” လှုပ်ရှားမှုကို ရန်ကုန်မှ နယ်သာလန်ရှိကမ္ဘာ့ခုံရုံးသို ဆောင်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ “ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှုကို ရေဘဝဲက ရန်ကုန်မြို့ရွှေတိဂုံ စေတီတော်ခြေရင်းတွင် စတင်ခဲ့ပြီး မြို့လယ်ရှိအထင်ကရနေရာများ၌ လက် နက်မဲ့ နိုင်ငံရေးအန်တုလှုပ်ရှားမှုများအဖြစ် ပြုလုပ်ခဲ့ကြောင်း၊ ထိုလှုပ်ရှားမှုအတွင်း ရေဘဝဲရဲဘော် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ ဦးကို စစ်တပ်ကဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။