ရန်ကုန်တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်စိုးမိုးကို ဗိုလ်ချုပ်ရာထူးတိုးပေးပြီး တွဲဘက်စစ်ထောက် ချုပ်အဖြစ်ခန့်အပ်
ရန်ကုန်၊ ဇူလိုင် ၁၃
NLD အစိုးရလက်ထက် ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ရန်ကုန်တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်စိုးမိုးကို ဗိုလ်ချုပ်ရာထူးတိုးဖြင့် တွဲဘက်စစ်ထောက်ချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရှိရသည်။
စစ်တက္ကသိုလ်အပတ်စဉ် ၃၇ ကျောင်းဆင်း ဗိုလ်ချုပ်အောင်စိုးမိုးသည် ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ရာထူးဖြင့် ခန့်အပ်ခံခဲ့ရပြီး ၄ နှစ်အကြာတွင် တွဲဘက်စစ်ထောက်ချုပ် အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်စိုးမိုးသည် ၂၀၁၇ ဇူလိုင်လမှ ၂၀၂၀ ခုနှစ် ဇူလိုင်လအထိ ရန်ကုန်တိုင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ယူခဲ့ပြီး NLD အစိုးရ၏ ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ ရန်ကုန်တိုင်းအစိုးရတာဝန်များကို ထမ်းဆောင်ခဲ့သည်။
ဓာတ်ပုံ- NLD အစိုးရလက်ထက် ရန်ကုန်တိုင်းလွှတ်တော်တွင် တွေ့ရသည့် ရန်ကုန်အစိုးရ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး။ (ပုံအဟောင်းဖြစ်ပါသည်။)
