28.2 C
Yangon

ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ စစ်တပ် ဦးပိုင်ဆိပ်ကမ်းနှင့်သင်္ဘောများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဆိုသော သတင်းများကြောင့် ဘက်ထရီအိုးနှင့်ဂတ်စ်အိုးများကို စစ်ကောင်စီက လိုက်ဖမ်းသိမ်းဆည်းနေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုက် တစ်ဖက်ကမ်းမှ စစ်ကောင်စီတပ်ဖွဲ့၏ ဆိပ်ကမ်းနှင့်စခန်းများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဆိုသော သတင်းများ ထွက်ပေါ်လာသည့်အတွက် စစ်ကောင်စီက ဘက်ထရီအိုးနှင့် ဂတ်စ်အိုးများကို လိုက်လံဖမ်းဆီးနေကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့ညနေပိုင်း ကြည့်မြင်တိုင် တစ်ဖက်ကမ်း အလတ်ချောင်း၊ ဆိပ်ကြီး၊ဦးမြ၊ငါးစင်ရပ်ကွက်၊ ကွက်သစ်လမ်းတို့တွင် ဘက်ထရီအိုးများကို စစ်ကောင်စီက လိုက်လံဖမ်းဆီးကြောင်း၊ ဘက်ထရီအိုးများသည် ရှော့တိုက်ဒုံးပစ်ခတ်ရာတွင် တွဲဘက် အသုံးပြုရသည့်အတွက် ဘက်ထရီအိုးများကို လိုက်လံဖမ်းဆီး ခြင်းဖြစ်ကြောင်း ၊ထို့ပြင် ဂတ်စ်အိုးများကိုပါ လိုက်လံဖမ်းဆီးနေကြောင်း သိရှိရသည်။

“ရှော့တိုက်ဒုံးပစ်တယ်ဆိုရင် ဘက်ထရီအိုးနဲ့ ရှော့ခ်ရိုက်ပြီး ပစ်တာလို့ ပြောတယ်။ အဲဒါကြောင့်ဘက်ထရီအိုးတွေ လိုက်လမ်းတာ။ ကြည့်မြင်တိုက်တစ်ဖက်ကမ်းကနေ ရန်ကုန်ဘက်က စစ်တပ် ဦးပိုင်ဆိပ်ကမ်းနဲ့ စစ်တပ်ရဲ့ ဆီတင်သင်္ဘောတွေကို ပစ်မယ်ဆိုတဲ့ သတင်းတွေ ထွက်လို့ ဘက်ထရီအိုးတွေကို လိုက်ဖမ်းတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော လျှပ်စစ်မီးများ အမြဲတမ်း ပြတ်တောက်နေသည့်အတွက် ပြည်သူများမှာ အင်ဗာတာနှင့် ဘက် ထရီ အိုးများကို အားကိုး၍ မီးထွန်း အသုံးပြုနေရချိန် ဘက်ထရီအိုးများကို လိုက်လံဖမ်းဆီးသည့်အတွက် စိတ်ပျက်စရာအခြေအနေပင်ဖြစ်သည်ဟု ပြည်သူများက ဆိုကြသည်။

“မီးတွေပြတ်လို့ ဘက်ထရီအိုးပဲ သုံးနေရာတာ။ အင်ဗာတာသုံးတာလည်း ဘက်ထရီအိုးနဲ့ပဲ ချိတ်ဆက်သုံးရတာ။ သူတို့လိုက်ဖမ်းတော့ ပြည်သူ တချို့လည်း ဘက်ထရီအိုးတွေ အသိမ်းခံလိုက်ရတယ်။ ကျနော်တော့ အိမ်ထဲမှာ သွားဖွက်ထားလိုက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ဘက်ထရီအိုးများကို လိုက်လံဖမ်းဆီးရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပျူစောထီးများနှင့် စစ်သားများ ပါဝင်ကြောင်း၊ ထို့ပြင် ဂတ်စ်အိုးများကိုလည်း လိုက်လံ မေးမြန်းပြီး လိုင်စင်စစ်ဆေးကြောင်း၊ လိုင်စင်မရှိသော ဂတ်စ်အိုးများကိုလည်း သိမ်းဆည်းမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ်၊ ရန်ကုန်တွင် စစ်ဆေးရေးလုပ်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo – Reuters

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ်၊ ရန်ကုန်တွင် စစ်ဆေးရေးလုပ်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article