ရန်ကုန်၊ ဇူလိုင် ၁၆
တအာင်းတပ်မတော် TNLA က ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ လုပ်ဆောင်သဖြင့် ပြည်သူ ၄ ဦးဒဏ်ရာရရှိကြောင်း TNLA က ပြောသည်။
ဇူလိုင်လ ၁၅ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန် TNLA က တစ်ဖက်သတ် အပစ်ရပ်ရန် ညွှန်ကြားထားသော် လည်း နောင်ချိုမြိုနယ် ဘန့်ဘွေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က သဲခေါ်ရွာအနီးရှိ PSLF/TNLA တပ်စခန်းအား ဒရုန်းဖြင့် တစ်ဖက်သတ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ရေ၀င်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်၊ သဲခေါ်ရွာအနီးရှိ PSLF/TNLA တပ်စခန်းကို ယမန်နေ့ည ၁၀ နာရီ ၁၉ မိနစ်အချိန် လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယမန်နေ့ ည ၈ နာရီမှ ည ၈ နာရီ ၅၆ မိနစ်အချိန် မိုးကုတ်မြိုနယ်တွင်လည်း စစ်ကောင်စီတပ်စွဲထားသည့် မိုးကုတ်ဗျူဟာကုန်းက ရေအေးရပ်ကွက်နှင့် ပန်းမရွာသို့ လက်နက်ကြီးဖြင့် စုစုပေါင်း ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရပ်သား ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ဒရုန်း လေ့ကျင့်ရေး လုပ်နေကြသည့် စစ်ကောင်စီ လက်အောက်ခံ ဝါသ၀ ပြည်သူ့စစ်(ခေါ်) ပျူစောထီးအဖွဲ့ဝင်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar