28 C
Yangon

တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်တွင် ငွေသားရှားပါးပြီး ကျပ်ငွေတစ်သိန်း ထုတ်ယူလျှင် ငွေထုတ်ခအဖြစ် ကျပ် ၂၀,၀၀၀ ပေးနေရ၊ ငွေသားထုတ်ယူမှု ဝန်ဆောင်ခ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

ရခိုင်ပြည်အတွင်း KBZ Pay, Wave Money နှင့် ပြင်ပငွေလွှဲလုပ်ငန်းများတွင် ငွေထုတ်ဈေး ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်သွား၍ ငွေထုတ်သူများကြား အခက် အခဲဖြစ်နေကြသည်ဟု သိရသည်။

ရခိုင်ပြည်တွင် ငွေသားရှားပါးမှု မြင့်တက်လာမှုကြောင့် ငွေသားထုတ်ယူလိုပါက ဝန်ဆောင်ခ ပေါက်ဈေးအဖြစ် ထုတ်ယူလိုသော ငွေကြေး၏ ၂၀ ရာခိုင်နှုန်းကို ဝန်ဆောင်ခအဖြစ် ရယူ မြင့်တက်သွားခြင်းဖြစ်သည်။

ရခိုင်ပြည်တွင် ငွေထုတ်ဈေးမှာ စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်များအား ဖမ်းဆီးအရေးယူခြင်းနှင့် ဘဏ်များမှ ငွေထုတ်ယူမှုကန့်သတ်ချက်ကြောင့် ရာခိုင်နှုန်း အဆမတန် မြင့်တက်သွားခြင်းဖြစ်သည်။

ပြည်မမှ ဘဏ်ပြဿနာများကြောင့် ရခိုင်ပြည်ထဲက ငွေလွှဲလုပ်ငန်းများ ဈေးမြှင့်တင်လိုက်ခြင်းဖြစ်သည်ဟု ယမန်နေ့ ငွေထုတ်ခဲ့သူ မာန်အောင် ဒေသခံတစ်ဦးက ပြောသည်။

“ဟိုဘက်မှာ ဘဏ်ပြဿနာပေါ်ပြီး ဘဏ်ကငွေတွေ ထုတ်မရတော့တဲ့ နောက် ပိုင်း ဒီဘက်မှာလည်း ငွေတွေထုတ်မပေးကြတော့ဘူး။ ထုတ်ပေးတဲ့ သူတွေကလည်း ၁ သိန်းကို ၂ သောင်းနီးပါးရမှပဲ ထုတ်ပေးတယ်။ ၂၀ ရာခိုင်းနှုန်းပေါ့။ အခုက အဲ့လိုမျိုးဖြစ်နေပါတယ်” ဟု မာန်အောင်ဒေသပြည်သူက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည် မြို့နယ်အများစုတွင် ဘဏ်လုပ်ငန်းများ လည်ပတ်ခြင်းမရှိ၍ ပြည်သူထဲရှိ ငွေကျပ်များမှာ လှည့်ပတ်လည်နေခြင်းဖြစ်ပြီး အချို့သော ငွေလွှဲ လုပ်ငန်း အေးဂျင့်များမှာ လုပ်ငန်း ရပ်တန့်ထားကြောင်း သိရသည်။

မင်းပြားမြို့ရှိ ငွေလွှဲငွေထုတ် လုပ်ကိုင်သူတစ်ဦးက “ထုတ်ပေးမယ့် ငွေမရှိတာကြောင့် အလုပ်ယာယီရပ်ထားရတာပါ။ ငွေလွှဲမယ်ဆိုရင်တော့ ရတယ်။ အထုတ်ပဲ မရတာ။ ဒါ့ပေမယ့် ဒီမှာ အလွှဲဆိုတာ မရှိသလောက် ရှားပါတယ်။ ငွေထုတ်မယ့်သူတွေပဲ တန်းစီနေတာလေ” ဟုပြောသည်။

ငွေထုတ်ခ ၂၀ ရာခိုင်နှုန်း ပေးရခြင်းမှာ ရခိုင်တပြည်နယ်လုံးတွင် ဖြစ်နေသော်လည်း အဓိက မင်းပြား၊ မာန်အောင်အပြင်၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ပေါက်တော ပိုမိုဆိုးရွားနေပြီး အမ်းမြို့နယ်တွင်မူ ၅ ရာခိုင်နှုန်းခန့်ဖြင့် ထုတ်ယူ၍ရနေသေးကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း ငွေကြေးလည်ပတ်မှု ခက်ခဲနေသော်လည်း စီးပွားရေး လောဘကြီးသူများက ဘဏ်ပြဿနာကို အကြောင်းပြု၍ ငွေထုတ်ခ ဈေးနှုန်းကို အဆမတန် တောင်းယူနေခြင်းကြောင့်လည်း ငွေကျပ် တစ်သိန်းထုတ်လျှင် နှစ်သောင်းကျပ်ကို ပေးနေရခြင်းဖြစ်သည်။

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များတွင် ဘဏ်လုပ်ငန်း လုံးဝ ရပ်တန့်သွားပြီး KBZ Pay နှင့် Wave Money က အလုပ်ဖြစ်နေကာ မှတ်ပုံပြ သို့မဟုတ် ဖုန်းနံပါတ်ဖြင့် ထုတ်ယူ၍ရသော ပြင်ပ ငွေလွှဲလုပ်ငန်းများဖြင့် လည်ပတ်နေရခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့နယ်များတွင် ဘဏ်များ ဖွင့်ထားသော်လည်း မြို့အဝင် အထွက် ပိတ်ပင်ထားခြင်းနှင့် စစ်ဆေးမှုများ တင်းကျပ်ခြင်းကြောင့် ငွေထုတ်ယူ၍ မရရှိကြပေ။

ဓာတ်ပုံ – ရန်ကုန်မှ Wave Money ငွေလွှဲဝန်ဆောင်မှု ဆိုင်တစ်ခု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်မှ Wave Money ငွေလွှဲဝန်ဆောင်မှု ဆိုင်တစ်ခု။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article