29 C
Yangon

မြိုင်တွင် ပျူစောထီးရွာများနှင့် ရိက္ခာပို့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦးကို စစ်သားများက မုဒိမ်းကျင့် သတ်ဖြတ်ပြီး ပြည်သူ ၃၀ ဦးကို ဖမ်းဆီးထားကာ ဓမ္မာရုံနှင့် နေအိမ် ၂၉ လုံးကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၁၈

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမပျူစောထီးကျေးရွာ၊ သရက်ကန်ပျူစောထီးကျေးနှင့် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အလင်းတန်းပြောက်ကျားတပ်ဖွဲ့ -မြိုင် မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်းတွင် တွင်းမ ပျူစောထီးကျေးရွာအတွင်းမှ မြောက်ဘက်ကို ထွက်လာသော အကြမ်းဖက် စစ်သား၊ ပျူစောထီးများကို အလင်းတန်းပြောက်ကျားတပ်ဖွဲ့ (မြိုင်) က မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာတွင် ၁ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇူလိုင်လ ၄ ရက်နေ့ ည ၈ နာရီခန့် တွင်လည်း တွင်းမ ပျူစောထီးကျေးရွာ လက်ပံပင်တိုက်မြောက်ဘက်အထွက်၌ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားသော အကြမ်းဖက် စစ်သားအလောင်းများကို ပြည်သူပိုင် နေအိမ်တစ်လုံးပေါ် တင်ကာ မီးရှို့ပစ်ခဲ့ကြောင်း၊ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင်လည်း ယင်း အကြမ်းဖက် စစ်ကြောင်းကို ဒရုန်းဖြင့် အီနာဂါဗုံးသီး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ သေဆုံးထိခိုက်မှု ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် ပခုက္ကူမြို့မှ ထွက်လာပြီး တွင်းမပျူစောထီးကျေးရွာအတွင်းကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် မြိုင်မြို့နယ် တောင်ပိုင်း၊ အိုရင်းကျေးရွာ အတွင်းကို ဝင်ရောက်ပြီး ပြည်သူပိုင် ဆိတ်၊ နွားနှင့် စားသောက်ကုန် ပစ္စည်းများကို ခိုးယူကာ လူနေ အိမ် ၂၉ လုံးနှင့် ဓမ္မာရုံကို မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း၊ ပြည်သူ ၃၀ ခန့်ကိုလည်း ဖမ်းဆီးပြီး တွင်းမပျူစော ထီးကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရှိရသည်။

“ဖမ်းဆီးခံ ပြည်သူ ၃၀ က အိုရင်းရွာသားတွေပါ။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေရဲ့ နောက်ဆက်တွဲ အခြေအနေကို အခုထိ မသိရသေးဘူး” ဟု အလင်းတန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာအတွင်းကို အလင်းတန်း ပြောက်ကျားတပ်ဖွဲ့ (မြိုင်) က 1 kg အီနာဂါ ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန် ပျူစောထီးကျေးရွာ အတွင်းသို့ ဝင်ရောက်လာသော တွင်းမကျေးရွာမှ အကြမ်းဖက် စစ်တပ် ရိက္ခာပို့စစ်ကြောင်းနှင့် ပျူ စောထီးများ ရောက်ရှိနေစဉ် အလင်းတန်းပြောက်ကျားတပ်ဖွဲ့ (မြိုင်) က အီနာဂါဗုံးသီး 1Kg ၅ လုံး ၊ 800 ဂရမ် ၆ လုံး ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်မှုရှိပြီး ထမ်းစင်များဖြင့် တွင်းမ ပျူစောထီးကျေးရွာထဲကို သယ်ဆောင်သွားကြောင်း သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် တွင်းမပျူစောထီးကျေးရွာအတွင်းရှိ အကြမ်းဖက် စစ်သား၊ ပျူစောထီးများကို 1 kg အီနာဂါ ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ အလားတူ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် သရက်ကန်ပျူစောထီးကျေး ရွာမှ တွင်းမပျူစောထီး ကျေးရွာကို ရိက္ခာယူရန် ထွက်ခွာဖို့ ပြင်ဆင်နေစဉ် တော်လှန်ရေးတပ်ဖွဲ့များက 1 kg အီနာဂါ ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့ ည ၈ နာရီခန့်တွင် တွင်းမပျူစောထီးကျေးရွာအတွင်းမှ မြောက်ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ပျူ စောထီးများ ထိခိုက်မှုရှိပြီး တွင်းမကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

ပခုက္ကူမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းသည် တွင်းမပျူစောထီးကျေး ရွာအတွင်း၌ ဆက်လက်ရှိနေဆဲဖြစ်ပြီး အလင်းတန်း ပြောက်ကျးတပ်အဖွဲ့ အနေဖြင့် ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း အလင်းတန်းပြောက်ကျားတပ်ဖွဲ့ -မြိုင် မှ တာ ဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article