ရန်ကုန်၊ ဇူလိုင် ၁၈
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အရှိန်မြှင့် တိုက်ခိုက်ရန် တော်လှန်ရေး တပ်ဖွဲ့ ၈ ဖွဲ့ ပူးပေါင်း၍ အညာမြေစစ်ဆင်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း Myaing Villages People’s Revolution Force – M.V.P RF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင် ၁၈ ရက်နေ့တွင် မြိုင်မြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲအစည်းများဖြစ်ကြသော အလင်းတန်းပျောက်ကြားတပ်ဖွဲ့ – မြိုင်၊ Scopion People Defence Force ၊ ဇာမဏီပြောက်ကျား တပ်ဖွဲ့၊ UAV Fighter ၊ Phoenix People Defence Force ၊ အောင်ကျော်ဌေး ပြောက်ကျားတပ်ဖွဲ့၊ မဟူရာအလင်းတန်းတပ်ဖွဲ့နှင့် Myaing Villages People’s Revolution Force – M.V.P RFတို့ ပူး ပေါင်းပြီး 8+ အညာမြေစစ်ဆင်ရေး မဟာမိတ်အင်အားစုများ သဘောတူလက်မှတ်ရေးထိုးကာ ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ပျူရွာတွေ၊ စခန်းတွေ၊ စစ်ကြောင်းတွေကို အရှိန်မြှင့်တိုက်ခိုက်ဖို့အတွက် ဖွဲ့စည်းလိုက်တာပါ၊ အဖွဲ့ အစည်းထဲမှာဆိုရင် Drone စစ်ဆင်ရေးပါမယ်။ ချေမှုန်းရေးပါမယ်၊တစ်ခုခခုဆိုတာနဲ့ အတူတကွ ပူး ပေါင်းပြီး လုပ်ဆောင်သွားဖို့ ဖွဲ့စည်းလိုက်ကြတာ၊အားသာချက်ကတော့ ညီညီညွတ်ညွတ်ဆောင် ရွက်ဖို့ရယ်၊ လိုအပ်တယ်အခါ လှမ်းခေါ်စရာမလိုပဲ အတူတူရှိနေတာပေါ့၊ နောက်ပိုင်းစစ်ဆင်ရေးတွေ ကို အရှိန်မြင့်မြင့်နဲ့ အဆက်မပြတ်လုပ်သွားဖို့ပါ” ဟု Myaing Villages People’s Revolution Force – M.V.P RF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
8+အညာမြေစစ်ဆင်ရေးမဟာမိတ်အင်အားစုများအနေဖြင့် အချက် ၈ ချက်ကို သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုကို တွန်းလှန်တိုက်ခိုက်ချေမှုန်းရာတွင် တော်လှန်ရေး ရဲဘော် တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း စည်းလုံးညီညွတ်စွာဖြင့် အကောင်းဆုံး လုပ်ဆောင်နိုင်ရန်၊ စစ်ဆင်ရေးအရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့် စစ်အာဏာရှင်ကို အလျင်အမြန် တိုက် ခိုက်ချေမှုန်းသွားရန် ရည်ရွယ်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar