28 C
Yangon

နောင်ချိုနှင့် မိုးကုတ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်သား အလောင်း ၂၀ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

နောင်ချိုနှင့် မိုးကုတ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်သား အလောင်း ၂၀ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၂

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်သား အလောင်း ၂၀ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

မိုးကုတ်မြို့ (အရှေ့ပိုင်း) ပန်မထိပ်ရွာအနီးနှင့် အကျဉ်းထောင်ရှိ အကြမ်းဖက် စစ်တပ်စခန်းကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲတို့က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး အကြမ်းဖက် စစ်သား အလောင်း ၂၀ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ လက်နက်ငယ် ၅ လက်၊ ဒရုန်း ၁ စီးနှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ နောင်ချိုမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် စခန်းများကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့များက ဆက်လက် တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၁ မိနစ်ခန့်တွင် နောင်ချိုမြို့နယ် တဲခေါ်ရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကျောက်မဲမြို့နယ်ရှိ အေးရှားဝေါဂိတ်နှင့် နမ့်ဆီလင်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း တအာင်းတပ်မတော် TNLA တပ်ဖွဲက လိုက်လံရှင်းလင်းရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article