27.7 C
Yangon

ဆားလင်းကြီးမြို့ပေါ် ရဲစခန်း၊ ထွေ/အုပ်ရုံး အပါအဝင် စစ်တပ် တပ်စွဲ နေရာများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သား အလောင်းများကို ၂ ရက်ဆက် သဂြိုလ်နေ

Must read

ဆားလင်းကြီးမြို့ပေါ် ရဲစခန်း၊ ထွေ/အုပ်ရုံး အပါအဝင် စစ်တပ် တပ်စွဲ နေရာများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သား အလောင်းများကို ၂ ရက်ဆက် သဂြိုလ်နေ

■ ဆားလင်းကြီးမြို့ကို မုံရွာမြို့မှ စစ်ကူ အများအပြား ပို့ဆောင်ထားပြီး စစ်ကူလာသော စစ်သားများက ပြည်သူ ၁ ဦးကို ပစ်သတ်

ရန်ကုန်၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် အကြမ်း ဖက်စစ်သားများ တပ်စွဲ ထားရာနေရာများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု များပြားပြီး စစ်သား အလောင်းများကို ၂ ရက်ဆက် သဂြိုလ်နေကြောင်း Monywa People Defence Force Salingyi Subcommittee မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ဆေးရုံ၊ မင်းကန်ကြီး၊ တာဝတိံသာကျောင်း၊ ထွေအုပ်ရုံး၊ ဆားလင်းကြီးရဲစခန်းတို့ကို ဗမာလွတ်မြောက်ရေးအဖွဲ့ ဒီမိုကရက်တစ်တပ်ဦး (BLDF) စစ်ဒေသ(၁)မှ ရဲ​ဘော်များနှင့်အတူ တော်လှန်ရေးညီနောင်မဟာမိတ်များက Fixed Wings Dones များ၊ ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ နှင့် ၁၂၀၀ မမ လက်နက်ကြီးများဖြင့် ဗုံး အလုံးရေ ၁၀၀ ကျော်ကို ၂ နာရီကျော်ကြာသည်အထိ ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြေပြင်မှလည်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ပွိုင့် သုံး ပွိုင့်မှ နေရာယူထားသော တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ပထမအကြိမ်တွင် ဆေးရုံထဲတွင် အထိုင်ချတပ်စွဲထားသော ဘန်ကာအချို့အား ဝင်ရောက် စီးနင်းနိုင်ခဲ့ပြီး စစ်သားများမှ ဘန်ကာများကို စွန့်ခွာကာ စခန်းထဲသို့ပြန်လည်ဝင်ရောက်နေရာယူ၍ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မွန်းလွဲ ၂ နာရီခန့်တွင် ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲတွင် မင်းကန်ကြီးဘောင်နားမှ နေရာယူထားသော ဘန်ကာကို ဆက်လက်တိုက်ခိုက်ရာ အပြန်အလှန် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ နံနက် ၈ နာရီခန့်မှ ညနေပိုင်း ၇ နာရီ ၃၀ မိနစ်အထိ ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၅ ကြိမ်ထက်မနည်း အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိနာ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ရာ ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရပြီး တော်လှန်ရေးရဲဘော်များဘက်မှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)ကာ ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျန်တော်လှန်ရေးညီနောင်မဟာမိတ်အဖွဲ့များမှ အထိခိုက်မရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့မှ စစ်ခွေး အလောင်းတွေကို နာရေးလုပ်နေတယ်။ အနည်းဆုံး ၃ ကောင်လောက်တော့သေတယ်။ ၂၀ ရက်နေ့ ညနေမှာ မုံရွာကနေ အင်းအား ၁၀၀ ကျော်ပို့ပြီး ကမ်းကပ်ပြီးပြီးချင်းပဲ အရပ်သား ပြည်သူ ၂ ကို ပစ်ခတ်တာ ၁ ဦး ခေါင်းထိပြီး သေဆုံးသွားတယ်။ ကျန်တစ်ဦးကတော့ လက်မောင်းထိသွားတယ်” ဟု Monywa People Defence Force Salingyi Subcommittee မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) စစ်ဒေသ(၁) ၊ ChinDwinDynamite ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi) ၊ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)၊တပ်ခွဲ(၃)၊တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Saligyi) ၊ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)၊တပ်ခွဲ(၃)၊တပ်စိတ်(၁) 5/Fighter (Monywa)/Fighter Nine Force(Salinbgyi) ၊ SPDF(Salingyi) ၊ မျက်လုံးစစ်ကြောင်း ၊ သေမင်းတမန်အဖွဲ့ ၊ မျိုးဆက်သစ်လူငယ်အဖွဲ့ ၊ အာဏာရှင်တော်လှန်ရေးအဖွဲ့ ၊ SRAအောင်ကြီးအဖွဲ့ ၊ ဖီးနစ်အဖွဲ့ ၊ ဒေါင်းတမာန်အဖွဲ့ ၊ နောင်ကြီးအဖွဲ့ ၊ CDF ၊ ဗိုလ်ယက်ခ ၊ Under Groundအဖွဲ့ ၊ အာဠာဝကအဖွဲ့ ၊ ပ.လ.ဖ ၊ သံမဏိမြွေပွေး ၊ မုံရွာခရိုင်တပ်ရင်း(၂၇) Black Dragon Doneအဖွဲ့ ၊ Brave Heart Army(BHA) နှင့် Chindwin Fighter Group(C.F.G)အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article