26 C
Yangon

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို စစ်တပ်က ကြိုးပေး ကွပ်မျက်မှု ၂ နှစ်ပြည့် အဖြစ် အမေရိကန်သံရုံးက အမှတ် အသားပြုလုပ်၊ အာဏာရှင်ကြောင့် သေဆုံးသူများကို ဂုဏ်ပြုသည့်အနေဖြင့် ကျောက်တုံး ၅၄၀၀ ထားရှိ

Must read

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်

ရန်ကုန်၊ ဇူလိုင် ၂၃

အကြမ်းဖက် စစ်တပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကြိုးပေး ကွပ်မျက်မှု ၂ နှစ်ပြည့် အဖြစ် အမေရိကန်သံရုံးက အမှတ်အသားပြုလုပ်ကြောင်း ရန်ကုန်အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

စစ်အာဏာရှင်အဖွဲ့အစည်းက ကိုဂျင်မီ၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင်နှင့် အောင်သူရဇော်တို့ကို ကွပ်မျက်မှု နှစ် နှစ်ပြည့်မြောက်ခြင်းကို အမေရိကန်သံရုံးက အမှတ်အသားပြုကြောင်း၊ အာဏာရှင်အဖွဲ့အစည်းကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားသည့် အမေရိကန်သံရုံးရှိ ကျဆုံးသူများအမှတ်တရအထိမ်းအမှတ်နေရာတွင် ယနေ့အထိကျောက်တုံးပေါင်း ၅,၄၀၀ နီးပါးကို ထားရှိခဲ့ပြီး ဖြစ်ကြောင်း ရန်ကုန်အမေရိကန်သံရုံးက ဆိုသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှစတင်ပြီး တဟုန်ထိုးမြင့်တက်လာသည့် မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံးအတွက် ပူဆွေးသောက ရောက်ရကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီ (ခ) ကိုကျော်မင်းယု ကို ၂၀၂၁ အောက် တိုဘာတွင် မြောက်ဒဂုံမြို့နယ် ပင်လုံအိမ်ရာတွင် လည်းကောင်း၊ ကိုဖြိုးဇေယျာသော် (ခ) မောင်ကျော်ကို ၂၀၂၁ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီအိမ်ရာတွင် လည်းကောင်း ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ဇန်နဝါရီ ၂၁ ရက်တွင် စစ်ကောင်စီက စစ်ခုံရုံးဖြင့် သေဒဏ်ချမှတ်ခဲ့သည်။

ယင်းနောက် အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်ကြိုးပေး ပြစ်ဒဏ် စီရင်လိုက်ပြီ ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ စစ်ကောင်စီက ကြေညာခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article