32 C
Yangon

မင်းအောင်လှိုင် ယာယီသမ္မတရာထူး လွှဲပြောင်းရယူမှု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ဟု အကြမ်းဖက် ဇော်မင်းထွန်း ပြောဆို၊ မြင့်ဆွေကို ဆေးကုပေးနေသော်လည်း ကျန်းမာရေး တိုးတက်မလာ

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြင့်ဆွေထံမှ ယာယီသမ္မတရာထူး လွှဲပြောင်းရယူမှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ယနေ့ ထုတ်ပြန်ပြောဆိုသည်။

မင်းအောင်လှိုင်က ဇူလိုင်လ ၂၂ ရက်နေ့တွင် ယာယီသမ္မတမြင့်ဆွေထံမှ ယာယီသမ္မတ ရာထူးနှင့်တာဝန်များ လွှဲပြောင်း ရယူသည်ဟု စစ်ကောင်စီက ကြေညာပြီးနောက် ယင်းသို့ အကြမ်းဖက် ဇော်မင်းထွန်းက ထွက်၍ ရှင်းလင်းလာခြင်းဖြစ်သည်။

“ယာယီသမ္မတဦးမြင့်ဆွေကို ဆေးကုသပေးရေးအဖွဲ့နဲ့ ဂရုတစိုက် ကုသပေးလျက်ရှိပါတယ်။ သို့သော် ယာယီသမ္မတ တာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်မှု မရှိသေးတဲ့အတွက် တာဝန်လွှဲအပ်ခြင်းကို မနေ့က ပြုလုပ်ခဲပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်များနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးစွာ အသိပေးပြောကြားလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာမှု၊ ပုဒ်မ ၄၁၂ အရ အရေးပေါ် အခြေအနေ ကြေညာမှု ၊ ဒီနှစ်ခုနဲ့ဆက်စပ်ပြီးဆောင်ရွက်ပေါင်းစပ်ကြည့်မယ်ဆိုရင် အရေးပေါ်ကာလ မပြီးမြောက်သေးတဲ့ကာလအတွင်းမှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်အချို့လစ်လပ်သွားစေကာမူ ကျန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့တာဝန်တွေကို မလွဲမသွေ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပုဒ်မ ၄၁၂ – ခ မှာဆိုရင်နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့်ညှိ နှိုင်းရာတွင် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်တဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးတို့နဲ့ ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာ နိုင်သည်လို့ ပြဌာန်းထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ ယာယီသမ္မတရဲ့ ကျန်းမာရေးအခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်း အဝေးကို ယာယီသမ္မတ မတက်ရောက်နိုင်သည်ဖြစ်စေ ၊ အကြောင်းအမျိုးမျိုးကြောင့်ယာယီသမ္မတ လစ်လပ်သွားရင် ပုဒ်မ ၄၁၂ – ခ မှာပါတဲ့ အခြေခံ ဥပဒေရဲ့သဘောတရာများအရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆုံးဖြတ်ပေးရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအစည်းအဝေးကို ဦးဆောင်ရန်အဖို့ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံ တော်ရဲ့အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား ကျင့်သုံးဆောင်ရွက်လျက်ရှိသော နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သာဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်တွင် အခြေခံဥပဒေ ဥပဒေ ပုဒ်မ ၄၁၉ အရ အာဏာ ၃ ရပ်လုံးရှိနေကြောင်း၊ သို့ရာတွင် ကာ/လုံခေါ်ယူချိန်တွင် မင်းအောင်လှိုင်အနေဖြင့် ယာယီသမ္မတအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခြေခံဥပဒေပုဒ်မ ၄၃၁ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကို ကျင့်သုံးရာမှာ နိုင်ငံတော်သမ္မတအနေဖြင့် ဖော်ပြဆောင်ရွက်မှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာကို နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ အစိုးရအဖွဲ့တို့ကပဲ ပြုလုပ်သွားမှာဖြစ်ပါတယ်”ဟုအကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article