25 C
Yangon

အရာတော်-ရွှေဘို လမ်းပိုင်းတွင် ကို‌ဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုအောင်သူရဇော်၊ကိုလှမျိုးအောင် ကြိုးပေးသတ်ခံရခြင်း ၂ နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ် သပိတ်စစ်ကြောင်း ချီတက်

Must read

အရာတော်-ရွှေဘို လမ်းပိုင်းတွင် ကို‌ဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုအောင်သူရဇော်၊ကိုလှမျိုးအောင် ကြိုးပေးသတ်ခံရခြင်း ၂ နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ် သပိတ်စစ်ကြောင်း ချီတက်

ရန်ကုန်၊ဇူလိုင် ၂၃

အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင်၍ အရာတော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အရတပကဖ)တို့အတူပူးပေါင်းဝန်းရံကာ စစ်ကောင်စီအထိုင်စခန်းနှင့်နီးစပ်သည့် အရာတော်-ရွှေဘို လမ်းပိုင်းတစ်နေရာတွင် ကို‌ဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုအောင်သူရဇော်၊ကိုလှမျိုးအောင် ကြိုးပေးသတ်ခံရခြင်း ၂ နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းမှတ် သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ သပိတ်စစ်ကြောင်းတွင် “တရားတဲ့သူသာနိုင်ကြေးဟေ့” ဘန်နာစာတန်းကိုင်ဆွဲကာ

“ငါတို့အားလုံးကိုဂျင်မီ၊ ငါတို့အားလုံးဖြိုးဇေယျာသော်၊ ငါတို့အားလုံးအောင်သူရဇော်၊ ငါတို့အားလုံးလှမျိုးအောင်”စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြကြောင်း၊ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ရဲဘော်များကလည်း ပူးပေါင်းဝန်းရံခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article