31.3 C
Yangon

ချောင်းဦး၊ ကံကြီးကုန်းရွာတိုက်ပွဲတွင် စစ်သားနှင့် ပျူစောထီး ၃ ဦးထက်မနည်း သေဆုံး၊ မုံရွာတွင်လည်း ကင်းပုန်းဝပ်သည့် စစ်တပ်ကို မိုင်းဆွဲမှု စစ်သား ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၂၄

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Chaung U People Defense Force – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက် နံနက် ၉ နာရီ ၄၇ မိနစ်က ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူရွာအနီးရှိ နေရာ ယူထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ နယ်မြေစိုးမိုးရေး မိုင်းထောင်ရန် သွားရောက် စဉ် အကြမ်းဖက်စစ်သား၊ ပျူစောထီးများနေထိုင်ရာ ကင်းပုန်းစခန်းအနီးသို့ ရောက်ရှိသွားပြီး အပြန် အလှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထက်နည်းသေဆုံးပြီး ၈ ဦး ခန့်အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကံကြီးကုန်း ပျူရွာနဲ့ တစ်မိုင်ကျော်လောက်အကွာမှာ ကျနော်တို့ CHU PDF တပ်ခွဲ ၄ ရဲ့ တပ်စိပ် စခန်း ခွဲတစ်ခုရှိတယ်၊ အဲဒီစခန်းခွဲကနေပြီးတော့ နယ်မြေစိုးမိုးထိန်းချုပ်ဖို့အတွက် ရှေ့ကို မိုင်းတိုး ကာ ရင်းနဲ့ သူတို့ရဲ့အထိုင် ကာကင်းနဲ့တွေ့ပြီး တိုက်ပွဲဖြစ်တာ၊ မျက်မြင်ကတော့ ၃ သေတာပေါ့၊ ၈ ယောက် ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်၊ အဲဒီ ၈ ယောက်လုံးလည်းသေနိုင်ချေရှိတယ်။ သေမသေတော့ တိတိကျကျပြောမရဘူး။ ပြောလို့ရတာကတော့ ၃ ယောက်က မျက်မြင်ပဲ။ ထိတွေ့ တိုက်ပွဲကတော့ ၅ မိနစ်လောက်ပဲကြာတယ်၊ ရဲဘော်တွေလည်း ကာပစ်နဲ့ ဆုတ်လာခဲ့ရ တဲ့အနေ အထားပေါ့” ဟု Chaung U People Defense Force – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့၊ CHU PDF တပ်ခွဲ ၄ ရဲဘော်များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပြီးနောက် မွန်းတည့် ၁၂ နာရီ ၂၈ မိနစ်အချိန်တွင် အကြမ်း ဖက်စစ်ကောင်စီတပ် မုံရွာ နမခမှ တက်လာသော Mi 35 အမျိုးအစား တိုက် ခိုက်ရေးရဟတ်ယာဉ်ဖြင့် တိုက်ပွဲနှင့်သက်ဆိုင် ခြင်း မရှိသည့် ရွှေလှေကျေး ရွာကို ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာနေအိမ် ၄ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦးလည်း လက်မောင်းကျည်ထိမှန် မစိုး ရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ၉ နာရီ ၄၇ မိနစ်လောက်မှဖြစ်တာ၊ ရဟတ်ယာဉ်က ၁၂ နာရီ ၂၈ မိနစ်လောက်မှာလာပစ် တာ။ တိုက်ပွဲဖြစ်တဲ့နေရာကို ပစ်တာမဟုတ်ဘူး။ ကံကြီးကုန်းပျူရွာရဲ့တောင်ဘက်က ရွှေလှေဆိုတဲ့ ရွာကို ပစ်တာ။ နေအိမ်က သုံးလေးလုံးလောက်မီးလောင်ပျက်စီးတာရှိတယ်၊ ရဟတ်ယာဉ်မှာပါတဲ့ ရော့ကတ်နဲ့ပစ်တာ။ ပြည်သူတစ်ယောက်လက်မောင်းထိတယ်။ ၁၅ မိနစ်လှည့်ပတ်ပျံဝဲပြီးပစ်သွား တာ” ဟု Chaung U People Defense Force – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆို သည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာတိုးဂိတ်အနီး၌ အသင့်ထောင်ထားပေါ် မိုင်းပွိုင့်ပေါ်သို့ ကင်းပုန်းလာ ဝပ်သည့် စစ်သား ၂ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးစလုံးလေပေါ်မြောက်တက်ပြုတ်ကျ ကာ သေဆုံးသွားကြောင်း People’s Defense Force -South Monywa မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန် မြပုလဲဆီဆိုင်ဂိတ်မှ ထွက်လာပြီး မုံရွေးတိုးဂိတ်အနီးတွင် ညအိပ်တပ်စွဲထားသော အကြမ်းဖက်စစ်သားများ အနက် စစ်သား ၂ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အသင့်ပြင်ထားသော မိုင်းပွိုင့်ပေါ်သို့ ကင်းပုန်းလာဝပ်စဉ် ပဒေသာ မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးစလုံးပေါ်မြောက်တက်ပြုတ်ကျကာ သေဆုံး သွားကြောင်း သိရသည်။

“မိုင်းပွိုင့်ပေါ်ရောက်တဲ့အချိန် ဖောက်ခွဲလိုက်တာ နှစ်ဦးလုံးလေပေါ်မြောက်တက်ပြုတ်ကျပြီး သေ သွားတယ်၊ အလောင်းတွေကို တိုးဂိတ်ဝန်ထမ်းအိမ်ယာထဲ သယ်သွားတယ်လို့သိရတယ်၊ ကျန်တာ တော့ မသိရဘူး။ အလောင်းဖျောက်ပစ်လိုက်တာထင်တယ်” ဟု People’s Defense Force -South Monywa မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း -People’s Defense Force -South Monywa ၊ Youth Vigor Revolution Force နှင့် Black Hunter People’s Task Force တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article