28.2 C
Yangon

စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့နယ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု အရပ်သားပြည်သူ ၅ ဦးဒဏ်ရာရ

Must read

ရန်ကုန်| ဇူလိုင် ၂၄

ရခိုင်ပြည်တွင် အာရက္ခတပ်တော် AA က သိမ်းပိုက် ထိန်းချုပ်ထားသော ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းနှင့် နေဗီများက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်း စစ်တပ်က ပစ်ခတ်သော လက်နက် ကြီးကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုးကျေးရွာမှ ဒေသခံပြည်သူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရသွားကြောင်း ရွာသားများက ပြောသည်။

” စစ်တွေကနေ လက်နက်ကြီးနဲ့ မပစ်ခတ်တာ တော်တော်လေး ကြာနေပြီ။ ဒီရက်ပိုင်း ပြန်ပစ်ခတ်နေတယ်။ မနေ့က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ရွာသား ၅ ဦး ဒဏ်ရာ ရတယ်။ အသက်အန္တရာယ် စိုးရိမ်ရလား မရလားတော့ မသိ အခုတော့ ဆေးကုပေးနေကြတယ်။ ” ဟု ပြောသည်။

ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး စသည့် မြို့များကို AA က သိမ်းပိုက်ချိန်ကလည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများနှင့် ကုလားတန်မြစ်ကြောင်းရှိ သွားလာနေသော စစ်သင်္ဘောများက လက်နက်ကြီးများ အဆက် မပြတ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုးကျေးရွာမှ ဒဏ်ရာရရှိ သွားသော ရွာသားများမှာ မစိန်ကျော့နု၊ ဒေါ်မကျော့၊ မောင်နေမျိုးလင်းနှင့် မောင်နေမျိုးဦးတို့ဖြစ်ပြီး ကျန်တစ်ဦးမှာ အမည်မသိရသေးပေ။

ရခိုင်စစ်ရေးစောင့်ကြည့်သူတစ်ဦးက ” ရခိုင်မြောက်ပိုင်းမှာက စစ်တွေနဲ့ မောင်တောပဲ ကျန်တော့တယ်။ မောင်တောက သိမ်းလုပ်နီးပါး ဖြစ်နေပြီ။ စစ်တွေကတော့ တိုက်ပွဲမရှိသေးဘူး။ AA ကတော့ စစ်တွေကိုလည်း သိမ်းမှာဖြစ်တဲ့အတွက် အခုကတည်းကနေ စစ်ကောင်စီရဲ့ လမ်းကြောင်းတွေ အားလုံးကို ဖြတ်တောက်ထားတယ်လို့ ပြောထားတယ်။ စစ်တွေမှာလည်း ထွက်မရောက်သေးတဲ့ ပိတ်မိနေတဲ့ ပြည်သူတွေက ရှိနေသေးတယ်။ ” ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်အတွင်း သံတွဲ၊ မောင်တောနှင့် အမ်းဒေသတို့တွင် တိုက်ပွဲပြင်း ထန်နေပြီး စစ်ကောင်စီတပ်စခန်းများကို AA က တိုက်ခိုက်သိမ်းယူနေကြောင်း သိရသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီ၏ ၁၀၅ မမ လက်နက်ကြီးအမြောက်တစ်ခုကို မြင်တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်ကောင်စီ၏ ၁၀၅ မမ လက်နက်ကြီးအမြောက်တစ်ခုကို မြင်တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article