27.4 C
Yangon

အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၅၀၀၀ ဝန်းကျင်သို့ ပြန်လည်ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၁ သိန်းသို့ ရောက်ရှိကာ အဝယ်အထူးများပြား

Must read

ရန်ကုန်၊ ဇူလိုင် ၂၄

မြန်မာနိုင်ငံ၏ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၀၀၀ ကျပ်ဝန်းကျင်သို့ ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၆၁ သိန်းသို့ ရောက်ရှီလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“အဝယ်များတာ။ ကမ္ဘာ့ရွှေစျေးလည်း နည်းနည်းတက်ပေမယ့် ပြည်တွင်းမှာ အဝယ်များလို့ ရွှေစျေးက တအားတက်လာတာ။ နောက်ပြီး အရွက်စျေး (အမေရိကန်ဒေါ်လာ) လည်းတက်တယ်။ ပြည်တွင်းရွှေထုတ်လုပ်မှုကလည်း အဝင်က မိုးတွင်းဆိုတော့ အတော်ကိုနည်းနေတယ်။ စျေးကွက်မှာ ပစ္စည်း(ရွှေ) မရှိတာရယ်၊ အဝယ်များတာရယ်ကြောင့် ရွှေစျေးက ထိုးတက်တာပါ။ တေ့တေ့ဆိုင် ဝယ်မယ်ဆိုရင် ရွှေက ၆၁ သိန်းခွဲမှာ ရောင်းတယ်”ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အမေရိကန်ဒေါ်လာမှာလည်း တစ်ဒေါ်လာလျှင်ငွေကျပ် ၄၉၈၀ နှင့် ၅၀၀၀ ကျပ်အကြား စျေးရှိနေပြီး ပြင်ပတွင် အရွက်(အမေရိကန်ဒေါ်လာ) ဝယ်ယူမည်ဆိုလျှင် အမေရိကန်တစ်ဒေါ်လာ ၅၀၅၀ ကျပ်အထိ ပေးရကြောင်း သိရှိရသည်။

“အခုက အရွက်က အဝယ်များတယ်။ ထိုင်းဘက်နေကို အထုပ်တွေနဲ့ကို ဝင်နေတာတောင် ပစ္စည်းက မလောက်ဘူး။ ဝင်သမျှ အကုန်ပြတ်တယ်။ Demand အရမ်းကိုများနေတာ” ဟု ရန်ကုန်နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ရွှေကုန်သည်များ၊ ဒေါ်လာဝယ်ရောင်းနှင့်ငွေလဲဒိုင်းများကို ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သော်လည်း စျေးကွက်ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ကျပ်ငွေတန်ဖိုးမှာ စံချိန်တင် ထိုးကျလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်မှ ရွှေအရောင်းဆိုင်တစ်ခု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်မှ ရွှေအရောင်းဆိုင်တစ်ခု။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article