27.1 C
Yangon

နေပြည်တော်တွင် ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးခံနေရသော ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ Yoma Strategic Holding ၏ စီမံခန့်ခွဲမှု ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီး သားဖြစ်သူ Melvyn Pun ကို ဥက္ကဋ္ဌသစ်အဖြစ် အစားထိုးခန့်အပ်

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

နေပြည်တော်တွင် စစ်ကောင်စီ၏ ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးမှုခံနေရသော ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေ Yoma Strategic Holding ၏ စီမံခန့်ခွဲမှုဆိုင်ရာအမှုဆောင်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်လိုက်ကြောင်း Bloomberg သတင်းတစ်ရပ်အရ သိရှိရသည်။

ဦးသိမ်းဝေ သည် Yoma Strategic Holding ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးအဖြစ်မှ နုတ်ထွက်လိုက်ပြီး ၎င်း၏ သားဖြစ်သူ မဲလ်ဗင်ပန်ကို ဥက္ကဋ္ဌသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

“ ဘဏ်လုပ်ငန်းဆိုင်ရာတွေနဲ့ပတ်သက်လို့ မစ္စတာ Serge Pun နဲ့ စစ်ကောင်စီအကြား အခြေအနေတွေက မသေချာမရေရာမှုတွေဖြစ်ပေါ်လာလို့ ကုမ္ပဏီ၊ အစုရှယ်ယာရှင်တွေနဲ့ ဝန်ထမ်းတွေ၊ ဖောက်သည်တွေရဲ့ အကျိုးစီးပွားအတွက် ဒီလို အပြောင်းအလဲတွေကို အကောင်းဆုံးလုပ်ဆောင်တာဖြစ်ပါတယ်” ဟု Yoma ဘက်က ထုတ်ပြန်ပြောဆိုသည်။

ယခုအပြောင်းအလဲမှာ မြန်မာနိုင်ငံမှ ဘဏ်လုပ်ငန်းဆိုင်ရာ စစ်ဆေးမှုခံနေရသည့် ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေ ဘက်က နောက်ဆုံးပြုလုပ်လာသည့် အပြောင်းအလဲတစ်ခုလည်းဖြစ်သည်။

စစ်ကောင်စီက အိမ်ရာချေးငွေများကို သတ်မှတ်ထားသည်ထက် ထုတ်ချေးမှုဖြင့် Yoma Bank Ltd အပါအဝင် ဘဏ်ခုနစ်ခုကို အရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေမှာလည်း နေပြည်တော်တွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းမှုများ ခံနေရခြင်းဖြစ်သည်။

ဓာတ်ပုံ – ဦးသိမ်းဝေနှင့် သားဖြစ်သူ Melvyn Pun ။ Photo Credit- Bloomberg/Nicky Loh ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဦးသိမ်းဝေနှင့် သားဖြစ်သူ Melvyn Pun ။ Photo Credit- Bloomberg/Nicky Loh ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article