27.1 C
Yangon

ဆိပ်ဖြူမြို့နယ်ရှိ ကပစ ၂၂ ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှု များပြား

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၂ ကို လက် နက် ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှု များပြားကြောင်း OAK AWE UG စလေမြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၃ ရက်နေ့ ည ၇ နာရီ ၁၁ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့နယ်ရှိ အကြမ်း ဖက် စစ်တပ်၏ ကပစ ၂၂ ကို ၆၀ မမ ၊ ၈၀ မမ လက်နက်ကြီးများဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေ ဆုံးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဓိက ပစ်မှတ်ထား ပစ်ခတ်တာကတော့ အရာရှိ လိုင်းခန်းနဲ့ လက်နက် ကြီး အထိုင်ကုန်းတို့ကိုပစ်မှတ်ထား တိုက်ခိုက်တာပါ။ စစ်ခွေးတွေဘက်က ထိခိုက် သေဆုံးမှုများတယ်တော့ပြောတယ်။ အတိအကျတော့ ထပ်အဆက်အသွယ်မရလို့ မသိရသေးဘူး။ တပ်တွင်းအင်အားတိုးတာနဲ့ သတင်းမပေါက်ကြားဖို့ ကြပ်မတ်ထားတယ်လို့လည်း သိရတယ်။ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု OAK AWE UG စလေမြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို OAK AWE UG စလေမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် အတူ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ ပေါက်ပကဖ နှင့် သခင်ဖိုးလှကြီး အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့၏ လက်နက်ကြီးပစ်ခတ်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့၏ လက်နက်ကြီးပစ်ခတ်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article