ဒီကနေ့ ဇူလိုင် ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အရှေ့ပိုင်းကို ဇူလိုင်လ ၂၄ ရက်နေ့မှာ TNLA ဦးဆောင်တဲ့တပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် မိုးကုတ်တစ်မြို့နယ်လုံးကို တော်လှန်ရေးတပ်တွေ ထိန်းချုပ် ရရှိသွားပြီဖြစ်တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
- မိုးကုတ်မြို့ကို အလုံးစုံသိမ်းပိုက်ပြီးနောက် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့က အကြမ်းဖက်စစ်တပ် ဗျူဟာကုန်းကို TNLA က တိုက်ခိုက်နေတယ်လို့ TNLA ကထုတ်ပြန်ပါတယ်။
- မကွေးတိုင်း၊ ပခုက္ကူမြို့မှာ KTV ကနေပြန်လာတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီး ၁ ဦးကို အရှင်ဖမ်းဆီး ရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
