26 C
Yangon

အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်အစည်းအဝေးတွင် စစ်ကောင်စီကို ငြင်းပယ်ရန်နှင့် မြန်မာပြည်သူများကို ကိုယ်စားပြုသည့် ရွေးကောက်ခံ အစိုးရကို ဖိတ်ကြားရန် အိတ်ဖွင့်ပေးစာ ပေးပို့

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးတွင် စစ်ကောင်စီကို ငြင်းပယ်ဖယ်ချန်ပြီး မြန်မာပြည်သူများကို ကိုယ်စားပြုသည့် ရွေးကောက်ခံ အစိုးရကို ဖိတ်ကြားပေးရန် အိတ်ဖွင့်ပေးစာကို Defend Myanmar Democracy က ပေးပို့ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်တွင် ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပမည့် အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်အစည်းအဝေးနှင့် စပ်လျဉ်း၍ မြန်မာ့လူ့အခွင့်အရေးနှင့် မြန်မာပြည်သူတို့၏ ဒီမိုကရေစီ လိုလားချက်များကို ထောက်ခံအားပေးရန် တောင်းဆိုထားသည်။

ထို့ပြင် အိတ်ဖွင့်ပေးစာတွင် မြန်မာစစ်အုပ်စု ကိုယ်စားလှယ်များကို အာဆီယံ အစည်းအဝေးများနှင့် အခမ်းအနားများ အားလုံးမှ ဖယ်ထုတ်ရန်နှင့် အာဆီယံ အစည်းအဝေးများနှင့် အခမ်းအနားများ အားလုံးတွင် မြန်မာပြည်သူလူထု ကိုယ်စားပြုအနေနှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်များ ဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရကို တက်ရောက်ခွင့်ပေးရန် တောင်းဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်‌ ဖေဖော်ဝါရီလကတည်းက တရားမဝင် အာဏာသိမ်းခဲ့ခြင်းဖြစ်ပြီး မည်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် မဆို အစိုးရတစ်ရပ်မဟုတ်ကြောင်း၊ စစ်ကောင်စီသည် အာဆီယံ အစည်းအဝေးများနှင့် လုပ်ငန်းစဉ်များတွင် မြန်မာပြည်သူများကို ကိုယ်စားပြုရန် တရားဝင်မှုမရှိကြောင်း အိတ်ဖွင့်ပေးစာတွင် ထောက်ပြထားသည်။

ထို့ပြင် အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင်ပိုင်းများကို အဆင့်မြင့်အစည်းအဝေးများမှ ဖယ်ထုတ်ရန် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကတည်းက အာဆီယံက ချမှတ်ခဲ့ကြောင်း၊ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်အုပ်စုက လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုကို တုံ့ပြန်သည့်အနေဖြင့် အာဆီယံသည် အဆိုပါ ရပ်တည်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ကျင်းပတော့မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများသို့ စစ်အုပ်စုကိုယ်စားလှယ်များအား တက်ရောက်ရန် ဖိတ်ကြားမှုလုပ်ရပ်သည် စစ်ကောင်စီအတွက် အဆင့်မြင့်အစည်းအဝေးများသို့ တက်ရောက်ရန် “နောက်ဖေးဝင်ပေါက်” တစ်ခု ဖန်တီးပေးနေခြင်းသာ ဖြစ်ကြောင်း Defend Myanmar Democracy အဖွဲ့ကပြောဆိုသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံအများအပြားသည် အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများတွင် စစ်အုပ်စုကိုယ်စားလှယ်များ ပါဝင်မှုအပေါ် ဆန့်ကျင်ကြသည် သို့မဟုတ် အနိမ့်ဆုံးအနေဖြင့် အလွန်စိုးရိမ်ပူပန်ကြသည်မှာ ထင်ရှားပါကြောင်း၊ အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများအားလုံးရဲ့ မြန်မာစစ်တပ်ကို ဆန့်ကျင်ရှုတ်ချသည့် အရေးယူလုပ်ဆောင်မှုများအပေါ်ကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းလည်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

ထို့ကြောင့် အာဆီယံအစည်းအဝေးများနှင့် အခမ်းအနားများတွင် အကြမ်းဖက်စစ်အုပ်စုကို ဖယ်ထုတ်ရန်နှင့် မြန်မာပြည်သူများကိုယ်စား ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ကိုယ်စားပြုခွင့်ပေးရန် အရေးတကြီးလိုအပ်နေကြောင်လည်း Defend Myanmar Democracy အဖွဲ့၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article