27 C
Yangon

ကျွန်းစုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေ၊ စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ နေ့စဉ် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ ကျေးရွာများကို ဝင်ရောက်စီးနင်း၍ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ပြီး ကျွန်းစုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် ပြင်ဝန်းရွာ၊ စမ်းသစ်ရွာဘက်မှ စစ်ကြောင်းထိုး လာခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဆက်တိုက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို ဖောက်ထွင်းကာ ပြည်သူပိုင် အပစ္စည်းများကို ခိုးယူမှုများ ဆက်တိုက် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ဂျိုးတောင်ရွာ၌ တပ်စွဲထားပြီး လူအင်အား ထပ်မံဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ကျွန်းစုဝါရစ်နဲ့ ဂျိုးတောင်ဘက်မှာ နေ့တိုင်းတိုက်ပွဲဖြစ်နေပါတယ်။ စစ်ခွေး တွေတော့ အထိနာနေပါတယ်။ ပြည်သူအိမ်တွေကိုဖောက်တာတော့ အထိနာတာနဲ့မဆိုင်ဘူး။ ရွာထဲဝင်လာကတည်းက အိမ်တွေကိုဖောက်တာ ၁၈ရက်နဲ့ ၁၉ ရက်နေ့လောက်က စပြီးတိုက်ပွဲဖြစ်နေတာ ခွေးအင်အားကတော့ ၂၀၀ ကျော်လောက်ရှိတယ်။ အခု ဂျိုးတောင်ရွာမှာ တပ်စွဲထားတယ်။ ပြင်ဝန်း စမ်းသစ်ရွာဘက်ကနေ ဝါရစ်ရွာထဲကို စစ်ကြောင်းထိုးလာတယ် စစ်သင်္ဘောတွေပါ။ ပြင်ဝန်းကနေ စစ်သင်္ဘော ၂ စီး နဲ့ စမ်းသစ်ရွာကို အင်အား၆၀ ကျော်ခန့်ဝင်လာတာ ဒီမှ တဆင့် ခြေလျင် ဝါရစ်ရွာကိုစစ်ကြောင်းထိုးလာတာ နောက်ထပ် အင်အား ၄၀ ထပ်ဖြည့်လာတယ်။ ဂျိုးတောင်ဘက်မှလည်း အင်အားအလုံးအရင်းနဲ့ ထိုးလာတယ်” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေး ရဲဘော်များ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေး ရဲဘော်များ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article