27 C
Yangon

မြဝတီမြို့တွင် သောင်ရင်း မြစ်ရေကြီးသဖြင့် မြေနိမ့်ပိုင်းများ ရေဝင်၊ ဘားအံ- ထို့ကော်ကိုး -မြဝတီ လမ်းပိုင်းရှိ နောင်ခွီးတံတားလည်း မိုးရေတိုက်စားမှုကြောင့် ပြိုကျ

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သောင်ရင်းမြစ်ရေကြီးသဖြင့် မြေနိမ့်ပိုင်းများ ရေဝင်နေပြီး ဘာအံ – ထို့ကော်ကိုး -မြဝတီလမ်းပိုင်းရှိ နောင်ခွီးတံတားမှာလည်း မိုးရေတိုက်စားမှုကြောင့်ပြိုကျပျက်စီးခဲ့ ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂၅ ရက်နံနက်ပိုင်းမှစ၍ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိပြီး မြဝတီ မြို့ရှိ မြေ နိမ့်ပိုင်းရှိ ရပ်ကွက်များအတွင်း ဝင်ရောက်လာသဖြင့် ပြည်သူ ပြည်သူအများအပြား ရေ ဘေး ရှောင်နေကြရကြောင်း၊ မိုးဆက်လက်ရွာသွန်းပြီး မြို့ထဲအထိရေဝင်ရောက်ခဲ့မည်ဆိုပါက အိမ် ထောင်စုအများအပြား ရေဘေးဒုက္ခခံစားရနိုင်ကြောင်း သိရသည်။

“သောင်ရင်းမြစ်ရေက စိုးရိမ်ရေမှတ် ရောက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေ ရေစဝင်နေပြီ၊ မိုးကလည်း ဆက်ရွာနေတုန်းပဲ၊ ဒီထက်များမယ်ဆိုရင် ချောင်းရေ မြို့ထဲဝင်ဖို့များတယ်၊ အခုက အနိမ့်ပိုင်းတွေ ရေဘေးရှောင်နေကြရတယ်၊ ကယ်ဆယ်ရေးကတော့ ပြည်သူက ပြည်သူပဲ ကယ်ကြရတာပေါ့၊ မြ ဝတီ -အာရှမ်းမကြီးပိုင်းလည်း မိုးများလို့ ရေတွေပြည့်နေပြီ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက မြဝတီ – ထို့ကော်ကိုး – ဘားအံလမ်းပိုင်းရှိ နောင်ခွီး တံတား ချဉ်းကပ်လမ်းပိုင်းမြေသားကို တောင်ကျရေ တိုက်စားသွားဖြင့် ဖြတ်သန်းမရသည်အထိ ပျက်စီးသွားကြောင်း၊ ယင်းတံတားသည် ဘားအံ ခရိုင် ၊ ပိုင်ကျုံမြို့နယ်ခွဲတွင် တည်ရှိပြီး မြဝတီ – ထို့ကော်ကိုး -ဘာအံလမ်းပိုင်းဖြတ်သန်းသွားလာ၍ မရတော့ကြောင်းသိရသည်။

အလာတး မိုးအဆက်မပြတ်ရွာသွန်းမျုကြောင့် ကျိုက်ဒုံမြို့တွင်လည်း ဟောင်သရောမြစ်ရေတက် လာ ကာမြို့ပေါ်ရပ်ကွက်များတွင် ရေဝင်နစ်မြှုပ်မှုရှိကြောင်း၊ အလားတူ ဘားအံမြို့တွင်လည်း သံ လွင် မြစ်ရေသည် စိုးရိ်မရေမှတ် အထက် ၁ ပေခွဲခန့် ကျော်လွန်နေပြီး မြေနိမ့်ပိုင်းရပ်ကွက်များ အ တွင်း ရေဝင်ရောက်မှုရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article