25 C
Yangon

အာဆီယံဘုံသဘောတူညီချက် ၅ ချက် တိုးတက်မှုမရှိလျှင် စစ်ကောင်စီခေါင်းဆောင်ပိုင်းကို အာဆီယံထိပ်သီးနှင့်ဆက်စပ်အစည်းအဝေးများသို့ တက်ခွင့်မပေးဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပြောဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

အကြမ်းဖက် စစ်ကောင်စီအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရေးအတွက် အာဆီယံက ချမှတ်သဘောတူညီထားသော ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မှုများ တိုးတက်မှု မရှိပါက စစ်ကောင်စီ၏ နိုင်ငံရေးကိုယ်စားပြုသူများကို အာဆီယံထိပ် သီးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ခွင့်ပြုမည်မဟုတ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောဆိုသည်။

အာဆီယံက မြန်မာစစ်ဗိုလ်ချုပ်များကို ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ၊ ဆက်စပ်အစည်အဝေးများသို့ တက်ခွင့်မပြုဘဲ ကန့်သတ်ထားပြီး နိုင်ငံရေးကိုယ်စားမပြုမဟုတ်သော ကိုယ်စားလှယ်ကိုသာ တက်ခွင့်ပေးထားခြင်းဖြစ်သည်။

“အချက်ငါးချက် သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိပါဘူး။ ပြီးတော့ တိုးတက်မှုမရှိသေးဘူးဆိုရင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးတွေနဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာရဲ့ပါဝင်မှုကို နိုင်ငံရေးမဟုတ်တဲ့အဆင့်မှာပဲ ဆက်ထားရမှာပဲ” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောဆိုသည်။

အာဆီယံနိုင်ငံခြားရေးအစည်းအဝေး တက်ရောက်ခွင့် ရရှိသည့် မြန်မာကိုယ်စားလှယ်က အရာအားလုံး အဆင်ပြေအောင်နေသည်ဟု ပြောဆိုခဲ့သော်လည်း မြေပြင်အခြေအနေမှာ ထိုသို့ မဟုတ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကဆိုသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က မြန်မာနိုင်ငံတွင် စေ့စပ်ညှိနှိုင်းဆွေးနွေးမှု များ မဖြစ်ပေါ်နေမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ကမူ ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့အရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင် ညှိနှိုင်းပေးရန် အာဆီယံ၏ ထောက်ခံမှု ရရှိထားကြောင်း ထုတ်ဖော်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article