25 C
Yangon

MNDAA ၏ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ၅၂ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ပျက်သုန်း မတည်ရှိတော့

Must read

MNDAA ၏ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ၅၂ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ပျက်သုန်း မတည်ရှိတော့

ရန်ကုန်၊ ဇူလိုင် ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ MNDAA ၏ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ၅၂ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ မရှိတော့ဘဲ ပျောက်ကွယ်သွားပြီဖြစ်သည်။

ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၅၂ နှစ် မြောက် နှစ်ပတ်လည်နေ့လည်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက အရှေ့ မြောက် တိုင်းစစ်ဌာနချုပ်သည် အစဉ်အလာကြီးမားသော စစ်တိုင်းကြီးဖြစ် ကြောင်း၊ ပြည်ပ ကူမင်တန် ကျူးကျော်စစ်ကို ရိုက်ချိုးခဲ့ပြီး ဗကပများ၏ ကျူး ကျော်စစ်ကို အကြိမ်ကြိမ် ရိုက်ချိုးခဲ့ကြောင်း၊ စစ်ဘုရင်နှင့် ဘိန်းဘုရင်များ၏ ဖိနှိပ်မှု အောက်မှ လွတ်မြောက်ရေးစွမ်းဆောင်ပေးခဲ့သော စစ်တိုင်းကြီးဖြစ် ကြောင်း ယမန်နေ့ညပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့ရာတွင် စစ်ကောင်စီက အစဉ်အလာကြီးမားသည်ဟု ဂုဏ်ယူနေသော အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်ကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၄ နာရီတွင် လုံးဝ သိမ်း ပိုက် နိုင်ခဲ့ကြောင်း၊ လားရှိုးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်းစစ် ဌာနချုပ်က ကြေညာကြောင်း၊ လားရှိုးမြို့ လွတ်မြောက် ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ် ကြောင်း MNDAA က ကြေညာခဲ့သည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့ တွင် ကျရောက်ခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၅၁ နစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article