29 C
Yangon

လားရှိုးမြို့ ၇ ရပ်ကွက်ရှိ စတိုးဆိုင်ကို ခိုးဆိုးလုယက်နေသူ ၃၀ ဦးကို MNDAA တပ်များက ပညာပေး တားဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ၇ ရပ်ကွက်ရှိ စတိုးဆိုင်တစ်ဆိုင်ကို ဖောက် ထွင်းခိုးဆိုးလုယက်နေကြသူများကို MNDAA တပ်များက ပညာပေး တားဆီးမောင်းထုတ်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ပြောသည်။

ဇူလိုင် ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် လားရှိုးမြို့ ရပ်ကွက် ၇ တွင် ကုန်စည်များ သယ်ဆောင်လာသူ အများအပြားကို တွေ့ရှိ၍ လုံခြုံရေးယူထားသော MNDAA တပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ရာ လားရှိုးမြို့ ရပ်ကွက် ၇ ၊ ၁၄ လမ်း ရှိ နေအိမ် တစ်အိမ်၏ တံခါးသော့ကို ချိုးဖျက် ဖောက်ထွင်းပြီး ကုန်ပစ္စည်း အများအပြားလုယူနေသည်ကို စိစစ်တွေ့ရှိရကြောင်း၊ အဆိုပါအိမ်မှ ကုန်ပစ္စည်း ကိုခိုးယူလုယက်သယ်ယူသူ လူ ဦးရေ ၃၀ ဦးရှိကြောင်း သိရှိရသည်။

MNDAA တပ်က တရားမဝင် ခိုးယူမှုကို ချက်ချင်းဟန့်တားကာ လုယက်သူများကို မောင်းထုတ်ခဲ့ကြောင်း၊ ခိုးယူထားသော ကုန်ပစ္စည်းများကို အိမ်အတွင်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ခိုးယူလုယက်သူများကို မည်ကဲ့သို့ အခက်အခဲများ ကြုံတွေ့နေရပါစေ ခိုးယူခြင်းကို မပြုသင့်ကြောင်း၊ ခိုးယူလုယက်မှုကို ပြတ်ပြတ်သားသား တားမြစ်ထားသည်ကို အသိပညာပေးခဲ့ကြောင်း သိရှိရသည်။

လက်ရှိ လားရှိုးမြို့တွင်း ကင်းလှည့်မှုများကို မဟာမိတ်လုံခြုံရေးတပ်ဖွဲ့များက တိုးမြှင့်ချထားပြီး ယင်းလုယက်ခိုးယူမှု အပြုအမူကို ထပ်မံတွေ့ရှိပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ဟု သတိပေးခဲ့ကြောင်း၊ စားနပ်ရိက္ခာပြတ်လပ်မှု၊ ဆေးဝါးထောက်ပံ့မှုစသည်ဖြင့် အခက်အခဲများ ကြုံတွေ့ရပါက MNDAAတပ်များထံ အကူအညီတောင်းခံနိုင်ပြီး မဟာမိတ်တပ်များကလည်း အဆိုပါပြဿနာကို ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်းကိုပါ တစ်ပါတည်း အသိပေးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article